refind photo ; http://www.taunggyitime.com |
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အောင်မြေဘုံစံကျောင်း တိုက်အတွင်း တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်ဥက္ကဌ ဦးတင်မောင်တိုးနှင့် ရှမ်းပြည်နယ်(၈၈)ပွင့်လင်းအဖွဲ့အစည်းမှ ဦးနေမျိုး ဦးဆောင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရာ တောင်ကြီးခရိုင် အတွင်းရှိမြို့နယ်များမှ NLD ပါတီဝင်များ၊ လောက မာန်အောင်ကျောင်းတိုက် ဆရာတော်ဦးခေမာနနမှသြဝါဒစကားမိန့်ပြီး ရပ်စောက်မြို့နယ် NLDဥက္ကဌဦးမောင်မောင်စိန်မှ ပြင်ဆင်ရမည့်ဥပဒေများအကြောင်း၊ သဘောထားကြေညာ ချက်များအားတက်ရောက်သူများထဲမှ ဖတ်ကြားခဲ့ကာ NLD တောင်ကြီးအမှုဆောင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးမှ ဆန္ဒပြရာတွင် ပါဝင်မည့်သူများအား လိုက်နာရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်ကျောင်းဝင်းအတွင်း(၄)ယောက်တွဲစီတန်း၍ “သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ၅၉(ဃ) /၅၉(စ) တို့ကိုဖျက်သိမ်းပေး” “ဒီမိုကရေစီ လူ့အခွင့်အရေး နှင့်ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာအလိုရှိ သည်” “၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဟန့်အတားပြုနေသော ပုဒ်မ-၄၃၆ကို အမြန် ပြင်ဆင်ပေးပါ” “ပြည်သူ့သဘောထားမပါသော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ ဆန္ဒအရပြင်ဆင်ပေး” စသည့်လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍ လောကမန်အောင်ကျောင်းမှ ဗိုလ်ချုပ်ပန်းခြံထိ ချီတက်ဆန္ဒဖော်ထုတ်ကြောင်း သိရသည်။
စီတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာ ဗိုလ်ချုပ် ပန်းခြံသို့ ရောက်ရှိခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ လောက မာန်အောင်ဆရာတော် ဦးခေမာနန္ဒမှ သြဝါဒမိန့်ကြားခြင်း၊ ကျဆုံးလေပြီး သောဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်း၊ (၈၈)အရေးအခင်းတွင် ကျဆုံးသွားသော ရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား အလေးပြုခြင်းအား ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး အခမ်းအနားပြီးဆုံး၍ လူစုကွဲကာ မိမိနေထိုင်ရာအရပ်ဒေသများသို့ ပြန်လည် ထွက်ခွာသွားကြောင်း ၊ “၈၈ မျိုးဆက်နှင့်ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ဆန္ဒဖော်ထုတ်ခြင်းက ဒါပထမဆုံးအကြိမ်ဖြစ်တယ်၊ အခြေခံဥပဒေပြင်ဆင်ရေး လွတ်တော်တွင်းပြင်ဆင်ခြင်းက အရမ်းခက်ခဲ့တယ်၊ ပါတီကြီးလွတ်တော်ကိုယ်စားလှယ်က မပြင်လို၊ ဒါကြောင့် လွတ်တော်ပြင်ပမှ ပြင်ဆင်သွာမည်၊ သက်ဆိုင်ရာခွင့်ပြုချက် တပတ်ကြိုတင်ပါတယ်။ မြို့နယ်ရဲက ငြင်းပယ်တယ်။ အကြောင်းပြချက်က လမ်းကြောင်းမြို့ပတ်ထားလို့ဖြစ်တယ်၊ ကျွန်တော်တို့ဒီငြင်းပယ်တာ လက်မခံဘူး၊ အယူခံပြန်ဝင်ပြီး လက်နက်မပါငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်က နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တာကျတယ်၊ ဒါကြောင့် လမ်းကြောင်းကို အလျော့အတင်းလုပ်ပြီး ခွင့်ပြုချက်ပြန်ရတယ်၊ တနိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြပြီး ဒါကို လစ်လျူရှုမယ်ဆိုလျင် ၈၈ ရေးခင်းလို ထပ်ဖြစ်နိုင်တယ်” ဟု တောင်ကြီးခရိုင် NLD ဥက္ကဌ ကိုတိုးက ပြောပြ ခဲ့ကြောင်း တောင်ကြီးတိုင်းမ်စာမျက်နှာတွင်ဖော်ပြပါရှိပါသည်။
HAK
No comments:
Post a Comment