တောင်ကြီး ဧပြီ ၂
Written by ရွှေတည်
မြန်မာနိုင်ငံ မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း IPPF စီမံချက်နှင့် An International Medical Relief
World Health Ambassador Team (WHA) မှ
ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်း
ဆေးရုံကြီး၌ ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ အသင်းဗဟိုမှ အမှုဆောင်
ညွှန်ကြားရေးမှူး၊ နေပြည်တော်ခုတင် (၁ဝဝဝ) သွားနှင့်ခံတွင်း ဌာနမှ
မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ ဦးစီးသော အဖွဲ့နှင့်
အမေရိကန်၊ ကနေဒါ၊ ဗီယက်နမ်နိုင်ငံတို့မှ ဆရာဝန်ကြီးများနှင့် သူနာပြု
ဆရာမများ ပူးပေါင်း၍ စဝ်စံထွန်း ဆေးရုံကြီးတွင် ဆေးဝါး ကုသပေးလျက် ရှိရာ
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီး၊ ပြည်နယ် ကျန်းမာရေး
ဦးစီးမှူးတို့က ဆေးကုသနေမှုကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ ဆေးကုသ ရာတွင် ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု
ကြီးကြပ်ရေး အဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသခံ တိုင်းရင်းသား
ပြည်သူ ၁ဝဝ ကျော် လာရောက်ကုသမှု များကို လိုက်လံ ကြည့်ရှုကြပြီး အာဟာရ
ပစ္စည်းများ ပေးအပ်ကြသည်။ ဆေးကုသပေးရေး အဖွဲ့သည် ဧပြီ ၁ ရက်မှ ၂ ရက်အထိ
နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ အထွေထွေရောဂါများကို ကုသပေးလျက်ရှိပြီး ဧပြီ
၃ ရက်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့
ပြည်သူ့ဆေးရုံနှင့် ဧပြီ ၄ ရက်တွင် ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံ
တို့တွင် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
refind;http://www.myawady.net.mm
No comments:
Post a Comment