1 June 2014

ရှမ်းပြည်နယ် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေးနှင့် အခမ်းအနားကျင်းပ

 ရှမ်းပြည်နယ် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေးနှင့် အခမ်းအနားကို မေ(၃၀) ရက်  နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ကျောင်းဆောင်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ အလှူရှင်များ၊ မိဘပြည်သူများ၊ ဆရာ/ဆရာမများ၊ ကင်းထောက်လူငယ်မောင်မယ်များ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ကြသည်။
   ပထမဦးစွာ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ရှမ်းပြည်နယ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေး မုဒ်ဦး ဆိုင်းဘုတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များက မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းအပ်နှံ နေမှုနှင့် အခမဲ့ ဗလာစာအုပ်၊ ကျောင်းသုံး ဖတ်စာအုပ်၊ ဖြန့်ဝေထောက်ပံ့နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
   အခမ်းအနားအစီအစဉ်အရ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ရှမ်းပြည်နယ် ပြည်နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ကို အထက(၅)ကျောင်းသား/ ကျောင်းသူများက ကျောင်းအပ်စို့လေ သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးသည်။
   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်အဖြင့် တည်ဆောက်ရာတွင် တိုင်းပြည်တည်ဆောက်ရေးကို အဓိကဆောင်ရွက်ကြမည့် လူသားအရင်းအမြစ်များသည် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အရည်ချင်းများ ပြည့်ဝဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အမျိုးသားပညာရည် မြှင့်မားရေး အစီအစဉ်များရေးဆွဲပြီး (၂၀၀၁-၂၀၀၂) ပညာသင်နှစ်မှ (၂၀၃၀-၂၀၃၁)ပညာသင်နှစ်အထိ ပညာရေးနှစ်ရှည် နှစ်(၃၀)စီမံကိန်းကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်း၏ အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းများသို့ ရောက်ရှိရေးနှင့် ကျောင်းနေမြဲရေးကို ကြိုးစား ဆောင်ရွက်စေကာမှု အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသို့မရောက်နိုင်သည့်ကလေးများနှင့် ကျောင်း ရောက်ပြီးမှ ကျောင်းပြင်ပသို့ ရောက်ရှိနေကြသည့်ကလေးများရှိနေကြပါသေးကြောင်း ကလေးများသည် နိုင်ငံတော်၏ သားသမီးတွေ ဖြစ်သည့်အတွက် ချန်ခဲ့လို့မရပါကြောင်း အရွယ်လွန်ကလေးများအတွက် ကျောင်းပြင်ပ ပညာရေး Non-formal primary Education အစီအစဉ်များရေးဆွဲပြီး အလှူရှင်များ၏ အကူအညီဖြင့် တတ်နိုင်သမျှဆောင်ရွက်လျှက်ရှိပါကြောင်း၊ (၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် တောင်ကြီး၊ ဟိုပုံး၊ကလောမြို့နယ်များတွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၁၄-၂၀၁၅) ပညာသင်နှစ်တွင် ရှမ်းပြည်နယ် အတွင်း မူဆယ်၊ဖယ်ခုံ၊ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသွားသည်။
   ၎င်းနောက် ကျောင်းအပ်နှံရေးနေ့ နှင့် ပတ်သက်၍ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ရှင်းလင်းတင်ပြပြီး၊ အလှူငွေနှင့် ပစ္စည်းများအပေးအပ်ရာ (၂၀၁၄-၂၀၁၅) ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း) မူလတန်းအဆင့် ကျောင်းသား/ သူများအတွက် လေ့ကျင့်ခန်းစာအုပ်များ အခမဲ့ ထောက်ပံ့ရန် ဗလာစာအုပ်(၁)သိန်း(၂)သောင်း၊ (၈၄၃၅)ဒါဇင်အတွက် ငွေကျပ်(၂၅၆၈)သိန်း(၇)သောင်းကျပ်နှင့် ပညာသင်ထောက်ပံ့ကြေးငွေ(၂၅၆၄)သိန်း (၃)သောင်း(၄)ထောင်၊ စုစုပေါင်း(၅၁၃၃)သိန်း(၄)ထောင်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက လက်ခံ၍လည်းကောင်း၊ တောင်ကြီး မြို့နယ်ရှိ အခြေခံပညာကျောင်းများအတွက် စေတနာရှင်/အလှူရှင်များမှ လှူဒါန်းသော လှူဒါန်းငွေ (၁၃၆)သိန်း (၉)သောင်းနှင့် ကျောင်းဝတ်စုံ(၂၆၀)တို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ပေးအပ်ရာ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြခက်က လက်ခံ၍လည်းကောင်း၊ ဗလာစာအုပ် (၅၄၅)ဒါဇင်၊ တီဗီ(၁)လုံး၊ကွန်ပျူတာ(၂)လုံး၊ ပရင်တာ(၂)လုံးတို့ကို ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်မှ ပေးအပ်ရာ အထက(၄)ကျောင်းအုပ် ဆရာမကြီး ဒေါ်စဝ်ကြည်ဝင်းက လက်ခံ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ငွေကျပ်(၆၃)သိန်း တန်ဖိုးရှိ စာရေးခုံ/ထိုင်ခုံ(၁၄၀)စုံတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးမှ ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ အထက(၂)ကျောင်းအုပ်ဆရာမကြီးက လက်ခံ၍လည်းကောင်း၊ အလှူရှင် ဒေါ်ဥမ္မာခိုင် ပြည်နယ်ပညာရေး (ငြိမ်း)မှ အလှူငွေ(၅)သိန်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ အလှူငွေ(၃)သိန်း၊ ပြည်နယ်မိခင် နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အလှူငွေ(၃)သိန်းတို့ကို အလှူရှင်များမှ ပေးအပ်လှူဒါန်းရာ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက  လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ် ခဲ့သည်။
   ယင်းနောက် အထက(၂)ကျောင်းသား/ ကျောင်းသူများက ဘက်စုံပညာသီချင်းဖြင့်သီဆို၍ အခမ်း နားကို ရုပ်သိမ်းလိုက်ပြီး၊ ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်(၅၁၃၃)သိန်း  (၄)ထောင်၊ စေတနာရှင် မိဘပြည်သူများလှူဒါန်းငွေကျပ်(၁၃၆)သိန်း (၉)သောင်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၅၂၆၉)သိန်း (၉)သောင်း (၄)ထောင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့သည် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝီဒူ ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတို့ ရောက်ရှိရာ ဘဒ္ဒန္တဆန္ဒရာဇာ ဆရာတော်ဘုရားကိုဖူးမြော်ကာ ပရဟိတဂေဟာရှိ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦးတို့ကို တစ်ဦးလျှင်ငွေကျပ် (၁)ထောင်နှုန်းနှင့် ဗလာစာအုပ်(၆)အုပ်၊ စုစုပေါင်း ငွေကျပ်(၁)သိန်း(၈)သောင်း၊ ဗလာစာအုပ်(၆၄)ဒါဇင်တို့ကို ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ် ဝန်ကြီးများက ပေးအပ်လှူဒါန်းခဲ့ပြီး၊ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအား လှည့်လည်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။       
   မောင်မောင်သန်း(တောင်ကြီး)

refind;http://www.shanstate.gov.mm525

No comments:

Post a Comment