14 June 2014

တောင်ကြီးမြို့၌ ကျောင်းဆောင်သစ်ကြီး ရေစက်ချပွဲ အခမ်းအနားကျင်းပ

Written by 
တောင်ကြီး ဇွန် ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရွှေမုဌော ဘုရားတောင်ပေါ်ရှိ ရွှေမုဌောကျောင်း မင်္ဂလာ မဂ္ဂင်အောင် ကျောင်းတိုက် ကျောင်းဆောင်သစ် ရေစက်ချပွဲနှင့် နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝေပုဏ္ဏ ဘိဝံသ၊ အင်းလေး ဟဲယာရွာမ ရွှေဘုံသာ သဒ္ဓမ္မဒ္ဓီကာရိ စာသင်တိုက် ဦးစီး ပဓာန နာယက ဆရာတော်ကြီးများနှင့် ဆရာတော်၊ သံဃာတော်ကြီး ၁၅ ပါးကို
မုနေဝသမ္ပဒကံထပ် ပူဇော်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၁ဝ နာရီက အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး၊ တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များရှိ ကျောင်းပေါင်း ၈၁ ကျောင်းမှ ပင့်သံဃာ ဆရာတော် အရှင်သူမြတ်များက သိမ်အတွင်း၌ ပုနောပသမ္ပဒ သိက္ခတ္တ ယကံထပ် ပူဇော်မင်္ဂလာ ကျင်းပပြီး အလှူရှင်များက သိမ်ထွက်လှူဖွယ် ဝတ္ထုပစ္စည်းများ လောင်းလှူကြ သည်။
အဆိုပါ ကျောင်းဆောင်သစ်ကြီးကို အများပြည်သူ စေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ်ကြီးမှာ RC သုံးထပ်ဆောင်ဖြစ်ကာ အရှည် ၇၂ ပေ၊ အကျယ် ၄၂ ပေရှိပြီး ငွေကျပ် သိန်းပေါင်း ၁၄ဝဝ ကျော်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
http://www.myawady.net.mm

No comments:

Post a Comment