1 June 2014

လေးနှစ်အရွယ် သမီးငယ်ကို ညှဉ်းပန်း နှိပ်စက်သည့်ဖခင်ဖြစ်သူကို ဥပဒေအရ အရေးယူ ဆောင်ရွက်မည်

တောင်ကြီး    မေ  ၁၈
ရှမ်းပြည်နယ် တောင်ကြီးမြို့  ရွှေတောင်ရပ်ကွက် အောင်သာယာ လမ်း၌ ဖခင်ဖြစ်သူက လေးနှစ်အရွယ် သမီးဖြစ်သူကို   လူမဆန်စွာ ရိုက်နှက်နှိပ်စက် ညှဉ်းပန်းမှု ဖြစ်ပွားခဲ့သည်။
 ဖြစ်စဉ်မှာ တောင်ကြီးမြို့  ရွှေတောင်ရပ်ကွက်  အောင်သာယာလမ်း  အမှတ်(၇/၅၁၁)နေ  နေလင်းအောင်(ခ) ဖိုးချိုနှင့် ဒေါ်စုခိုင်ကြည်(ခ)  (မိထွေး)တို့၏ သမီးဖြစ်သူ   ပန်းအိဖြူ(ခ) ချိုစံပယ်ဖြူ လေးနှစ်သည် ယမန်နေ့ နံနက် ၈ နာရီက ရပ်ကွက်အတွင်း ဒဏ်ရာများဖြင့် သွားလာ နေသည် ကို တွေ့ရှိသဖြင့် ရင်သွေးငယ်များ၏ ဥယျာဉ်မှူး အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဖေက လူမှုဝန်ထမ်း ဦးစီးမှူး   ဒေါ်ချယ်ရီထံ အကြောင်းကြား ခဲ့သဖြင့် ဒေါ်ချယ်ရီက သွားရောက် ကြည့်ရှုရာ မပန်းအိဖြူ(ခ) ချိုစံပယ်ဖြူ၏ ဝဲ၊ ယာလက်ခုံ၌ မီးပူလောင်ထားရာမှ အရေကြည်ဖုဖြစ်ပြီး ပေါက်ပြဲဒဏ်ရာ၊ နဖူးတွင် ဖူးရောင်ဒဏ်ရာ၊ဝဲ၊ ယာ ပါးနှစ်ဖက်တွင် ညိုမည်းဒဏ်ရာ၊ နောက်ကျောနှင့် ဝဲ၊ယာပေါင်တို့တွင် ညိုမည်းဒဏ်ရာများ ရရှိနေသည်ကို တွေ့ရှိသဖြင့် သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားပြီး ၄င်းအဖွဲ့နှင့် အတူ စဝ်စံထွန်း ဆေးရုံ သို့ မပန်းအိဖြူ (ခ)ချိုစံပယ်ဖြူကို ပို့ဆောင်၍   မေးမြန်းရာ လွန်ခဲ့သော  ၁၅ ရက်ခန့်က ဖခင်ဖြစ်သူသည်  ထမင်းချက်သည့် အုတ်မီးဖိုဖြင့် ၄င်း၏လက်ကို ကပ်ရာ ဝဲ၊ ယာလက်တို့တွင် မီးပူလောင်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မေ ၁၆ ရက် ည ၈  နာရီတွင်   ဖခင် ဖြစ်သူက  မပန်းအိဖြူ(ခ) ချိုစံပယ်ဖြူ၏ နဖူးနှင့်ဒူးတို့ကို သံရိုက်တူဖြင့် ထုခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းတွင် ပေါင်နှင့်နောက်ကျောတို့ကို ဖခင်ဖြစ်သူက တူဖြင့် ထပ်မံ ထုခဲ့ကြောင်း ပြောပြ ခဲ့သည်။
 ထို့ကြောင့် ကလေးသူငယ်အား လိမ္မာစေရန် ဆုံးမခြင်းမျိုးမှ တစ်ပါး  လူမဆန်စွာ ရိုက်နှက်နှိပ်စက် ညှဉ်းပန်းသော နေလင်းအောင်(ခ)ဖိုးချို ၂၁ နှစ် (ဘ)ဦးလှသိန်းကို ကလေးသူငယ် ဥပဒေပုဒ်မ   ၆၆(ဃ) အရ အရေးယူနိုင်ရန် အတွက် ဒေါ်ချယ်ရီက တရားလို ပြုလုပ် တိုင်တန်းသဖြင့် တောင်ကြီးမြို့မ ရဲစခန်းက တရားရုံး ဦးတိုက်လျှောက် အမှတ် (၄၄/၂ဝ၁၄)ဖြင့် တောင်ကြီးမြို့နယ် တရားရုံးသို့ အမှုဖွင့်ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး  နေလင်းအောင်(ခ) ဖိုးချို   သမီးဖြစ်သူကို ညှဉ်းပန်း နှိပ်စက်စဉ် အသုံးပြုသည့် နှစ်ပေခန့်ရှိ ဝါးတုတ်တစ်ချောင်း၊ အရိုး ၁၂လက်မခန့်ရှိ သံရိုက်တူ တစ်ချောင်း၊ အုတ်ဖြင့် ပြုလုပ်ထားသော မီးဖိုတစ်ခု တို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားရှိပြီး မပန်းအိဖြူ(ခ) ချိုစံပယ်ဖြူကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး ခွဲစိတ်ဆောင် အခန်း အမှတ်(၈)တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment