1 June 2014

တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်အတွင်း စွန့်လွှတ်သည့် စိုက်ပျိုးမြေယာများအား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်

တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်အတွင်း စွန့်လွှတ်သည့် စိုက်ပျိုးမြေယာများအား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေ(၂၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင် များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ မြေယာလက်ခံရရှိသည့်တောင်သူများ တက်ရောက် ကြသည်။

   အခမ်းနားတွင် ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားရာ တွင် ရှမ်းပြည်နယ်အတွင်း ပြန်လည် စွန့်လွှတ်ပေးအပ်သွားမည် မြေဧရိယာ (၁၂၂၄၁.၃၃)ဧက ဖြစ်ပြီး လယ်(၃၈၅.၉၇)ဧက၊ ယာ(၁၉၁၆.၈၇)ဧကနှင့် မြေလွတ်၊ မြေရိုင်း  (၃၉၇၉.၇၀)ဧက၊ စုစုပေါင်း(၆၂၈၂.၅၄)ဧကကို သက်ဆိုင်ရာတောင်သူ(၂၀၂၅)ဦး သို့ယာယီ လုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၃) ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ တောင်ကြီးခရိုင်အတွင်း မြေဧရိယာ (၇၉၇.၁၆)ဧကကို ပြန်လည်စွန့်လွှတ်ပေးအပ်သွားမည်ဖြစ်ပြီး လယ်(၃၁၄.၁၅) ဧက၊ ယာ(၃၃၅.၀၇) ဧက၊ စုစုပေါင်း(၆၄၉.၂၂) ဧကကို သက်ဆိုင်ရာ တောင်သူ(၄၈၁)ဦးသို့ ယာယီလုပ်ကိုင်ခွင့်ပြု လက်မှတ်(ပုံစံ - ၃) ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပေးအပ်ရန်ကျန်ရှိသည့် စွန့်လွှတ်မြေများကိုလည်း အမြန်ဆုံး ပေးအပ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်က ကြိုးစားဆောင်ရွက် လျှက်ရှိပါ ကြောင်း၊  ကျန်ရှိသည့် ခရိုင်နှင့်မြို့နယ် မြေအသုံးချစီမံခန့်ခွဲရေး ကော်မတီများအနေဖြင့် ပြန်လည်စွန့်လွှတ် ပေးအပ်မည့် မြေများကို သက်ဆိုင်ရာတောင်သူများထံ ပေးအပ်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယာယီလုပ်ပိုင်ခွင့်ရရှိသူများအနေဖြင့် ယာယီလုပ်ပိုင်ခွင့် ရှိသောမြေသည် လယ်ယာမြေဖြစ်ပါက (၂၀၁၂) ခုနှစ် လယ်ယာမြေ ဥပဒေနှင့် အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ရရှိရေးအတွက် လျှောက်ထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ ယာယီလုပ်ပိုင်ခွင့်ရ မြေသည် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ ဖြစ်ပါက မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆက်လက် လျှောက်ထား ကြရမှာဖြစ်ပါကြောင်း၊ လယ်ယာမြေများသည် သားစဉ်မြေးဆက် လုပ်ပိုင်ခွင့်(ပုံစံ-၇) ရရှိမည်ဖြစ်ပြီး၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအတွက် နှစ်(၃၀)လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိကြမှာဖြစ်ပါကြောင်း၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီး စိုက်ပျိုးမှု တည်ငြိမ်မှုရှိပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ဆက်လက်လျှောက်ထားနိုင်မှာဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ် အပ်နှံမြေများ ကို သက်ဆိုင်ရာတောင်သူများသို့ ပေးအပ်မှုကို ပြည်သူလူထု အကျိုးစီးပွား အလို့ငှာ ညွှန်ကြားချက်၊ မူဝါဒနှင့် အညီ ပြန်လည်ပေးအပ်နိုင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူလူထု ကိုယ်စား အလွန်ပင်  ဝမ်းမြောက်မိပါ ကြောင်း နှင့် တောင်သူများအနေနှင့်လည်း ပြန်လည်ရရှိသောမြေများကို စနစ်တကျ ပြန်လည်စိုက်ပျိုး အသုံးပြုရာတွင် နိုင်ငံတော်နှင့် မိမိတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို (projector) ဖြင့် ရှင်းလင်းတင်ပြပြီး၊ စွန့်လွှတ်သည့် မြေယာများအား တောင်သူများထံသို့ ယာယီလုပ်ကိုင်ခွင့် လက်မှတ်(ပုံစံ-၃)ဖြင့် လွှဲပြောင်းပေးအပ်ရာ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ (၅၁.၁၂)ဧက တောင်သူ(၂၀)ဦး၊ တောင်ကြီး ခရိုင်၊ ကလောမြို့နယ် (၃၅၅.၁၀) ဧက၊ တောင်သူ(၃၅၈)ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် (၁၅၀)ဧက၊ တောင်သူ(၆၇)ဦး၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်(၉၃.၀၀)ဧက၊ တောင်သူ(၃၆)ဦး၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် (၁၂၅၈.၇၁)ဧက၊ တောင်သူ(၄၁၇)ဦး တို့ကို  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ မြို့နယ်အလိုက် တောင်သူများ ကလက်ခံရယူကြသည်။

   ထို့နောက် မြေယာလက်ခံရရှိသည့် တောင်သူများကိုယ်စား တောင်သူဦးခွန်သန်းထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။



                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

rrefind; http://www.shanstate.gov.mm524

No comments:

Post a Comment