တောင်ကြီး ဇွန် ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းသည် (၁၂-၆-၂၀၁၄) ရက်နေ့တွင် နံနက်(၈)နာရီတွင် ၂၀၁၄ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား/ အမျိုးသမီး ဘော်လီဘော/ ဘတ်စကက်ဘော ပြိုင်ပွဲ တတိယနေ့ ပထမပွဲစဉ်အဖြစ် တောင်ကြီးခရိုင်အမျိုးသမီး ဘတ်စကက်ဘောအသင်းနှင့် လားရှိုးခရိုင် အမျိုးသမီး ဘတ်စကက်ဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို တက်ရောက် ကြည့်ရှု့အားပေးခဲ့ပြီး နံနက်(၉)နာရီတွင် ရှမ်းပြည်နယ်၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အရည်အသွေးပြည့်ဝသော မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပေး ဆွေးနွေးပွဲသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
http://www.shanstate.gov.mm

No comments:
Post a Comment