တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဘူတာလမ်းဆုံအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် Hijet အဖြူရောင်ယာဉ်နှင့် Honda Dream 125 ဆိုင်ကယ်တို့မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနင် သူတွင်ဝဲခါးစောင်း နှင့်ဆီးခုံအထက်အလျား (၄)လက်မခန့်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ဝဲဂျိုစောင်းဖူးယောင် ဒဏ်ရာ များရရှိ၍ မှုခင်းဆေးစာနှင့်အတူ စဝ်စံထွန်းဆေးရုံသို့အရေးပေါ်လူနာအဖြစ်ပို့ဆောင်ထား ရကြောင်း ရွှေညောင်ရဲစခန်းတွင် ယာဉ်အား မဆင်မခြင်မောင်းနင်သူ ကားမောင်းသူအား ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့်အရေးယူထားကြောင်းသတင်းရရှိပါသည်။
No comments:
Post a Comment