6 October 2014

အိုင်​အက်စ်​နှင့်​ပူးပေါင်း​သည့် အကြမ်း​ဖက်​သမား​အမည်​စာရင်း​ရ​ရှိ​ထား၊ လုံခြုံ​ရေး​ကို နိုင်​ငံတော်​အဆင့်​တိုး​မြှင့်

တောင်ကြီးမြို့တွင် တန်ဆောင်တိုင်နီး
အစ္စ​လာမ်​မစ်​နိုင်ငံ တော်​အဖွဲ့ (IS) သို့ ပူးပေါင်း​ဝင် ရောက်​သွား​သည့် နိုင်ငံ​ခြား​အ ကြမ်း​ဖက် တိုက်ခိုက်​ရေး​သမား ၇​၈​၁ ဦး​၏ အမည်​စာရင်း​နှင့် ကိုယ်​ရေး​အချက်အလက်​များ​ကို မြန်မာ​နိုင်ငံ​က ရ​ရှိ​ထား​ပြီး ပြည် တွင်း​လုံခြုံ​ရေး​ကို နိုင်​ငံတော်​အ ဆင့်​သို့ တိုး​မြှင့်​လိုက်​ကြောင်း မြန် မာ​နိုင်ငံ​ရဲ​တပ်ဖွဲ့​ဌာန​ချုပ်​မှ သ တင်း​ရ​ရှိ​သည်။

(၆​၉)ကြိမ်​မြောက် ကု​လ သမဂ္ဂ​အထွေ​ထွေ​ညီလာခံ​တွင် နိုင်ငံ​ပေါင်း ၅​၀ ကျော်​ပါဝင်​သော ကု​လ​လုံခြုံ​ရေး ကောင်​စီ​ဆွေးနွေး ပွဲ​၌ အမေ​ရိ​ကန်​သမ္မတ အို​ဘား မား​က ဥက္ကဋ္ဌ​အဖြစ် ဆောင်ရွက်​၍ နိုင်ငံ​ပေါင်း ၃​၃ နိုင်ငံ​မှ အကြမ်း ဖက်​သမား ၇​၈​၁ ဦး စာရင်း​ကို ထုတ်​ပြန်​ခဲ့​ခြင်း​ဖြစ်​သည်။

လုံခြုံ​ရေး​ကောင်​စီ​အစည်း အဝေး​တွင် သမ္မတ​အို​ဘား​မား ဦးဆောင်​၍ အကြမ်း​ဖက်​သမား များ ခရီးသွား​လာ​ခွင့် မ​ပြု​ရေး၊ လူ​သစ်​စုရုံး​ခြင်း​နှင့် စုဆောင်း​ခြင်း၊ စစ်​ပညာ​လေ့ကျင့်​သင်ကြား​ခြင်း၊ အကြမ်း​ဖက်​မှု​များ​ကို ငွေ​ကြေး ထောက်ပံ့​ခြင်း​တို့ မ​ပြုလုပ်​ရန် ဆုံးဖြတ်ချက်​အမှတ် ၂​၁​၇​၈ ကို ထုတ်​ပြန်​ခဲ့​သည်။

ကုလသမဂ္ဂ​က​လည်း နိုင်ငံ ပေါင်း​စုံ​က ပူးပေါင်း​ပါဝင်​ရန် တောင်း​ဆို​ခဲ့​ပြီး မြန်မာ​အပါအဝင် ကမ္ဘာ့​နိုင်ငံ​များ​က လုံခြုံ​ရေး ကောင်​စီ​ဆုံးဖြတ်ချက်​ကို သ ဘော​တူ ကြိုဆို​ခဲ့​ကြောင်း မြန်မာ နိုင်ငံ ရဲ​တပ်ဖွဲ့​ဌာန​ချုပ်​မှ ရဲ​မှူး​ချုပ် စိုး​မြိုင်​က ပြော​သည်။

‘‘IS ကို သွား​ပူးပေါင်း​တဲ့ နိုင်ငံ​ခြား​သား အကြမ်း​ဖက်​သမား ၁​၃,၀⁠၀​၀⁠၀ ကျော်​ရှိ​တယ်။ အဲ​ဒီ​ထဲ က ၇​၈​၁ ယောက်​စာရင်း​ကို ကု​လ က ထုတ်​ပြန်​တယ်။ အင်​တာ​ပိုလ် (နိုင်ငံ​တကာ​ရဲ​တပ်ဖွဲ့) က ကျွန် တော်​တို့​ကို အချက်အလက်​တွေ အကုန်​ပို့​ပေး​ထား​တယ်။ တာ​လီ ဘန်၊ အယ်လ်​ကိုင်​ဒါ​အပါအဝင်  အကြမ်း​ဖက်​အဖွဲ့ အစည်း​တွေ​ကို သွား​ပူးပေါင်း​ဖို့ ခရီး​ထွက်​တာ​တွေ​ကို ခွင့်​မ​ပြု​မိ​အောင် စိစစ်​ဖို့​လည်း ပါ​တယ်’’ ဟု ၎င်း​က ပြော​သည်။

အယ်လ်​ကိုင်​ဒါ​အဖွဲ့​၏ ဂျီ ဟတ်​ပြုလုပ်​မည့် ခြိမ်းခြောက်​မှု ကို ခံ​ရ​စဉ်​ကတည်းက နိုင်ငံ​လုံခြုံ ရေး​ကို သာမန်​အဆင့်​မှ တစ်​ဆင့် မြှင့်​တင်​ထား​ပြီး ယခု​စာရင်း​အရ လုံခြုံ​ရေး​အခြေအနေ​ကို အမြဲ​အ သင့်​ပြင်​ထား​ကြောင်း မြန်မာ​နိုင်ငံ ရဲ​တပ်ဖွဲ့​ဌာန​ချုပ်​မှ ရဲ​မှူး​ချုပ် ဝင်း ခေါင်​က RFA သ​တင်း​ဌာန​သို့ ပြော​ကြား​သည်။

‘‘အကြမ်း​ဖက်​သမား အ ချက်​အလက်​တွေ​ကို ကျွန်တော် တို့​ကို ပံ့ပိုး​ကူညီ​ပေး​တဲ့ နိုင်ငံ​တွေ ကို တကယ်​ကျေးဇူးတင်​ပါ​တယ်။ ကျွန်တော်​တို့​ဆီ​မှာ အကြမ်း​ဖက် မှု​တိုက်​ဖျက်​ရေး ဥပဒေ​လည်း ပြ ဋ္ဌာန်း​ထား​ပြီး​ပြီ။ ဒီ​ဥပဒေ​ကို အ သက်ဝင်​အောင် ပညာ​ပေး​တွေ ဆက်တိုက်​လုပ်​ရ​မယ်။ ဒါ​ကြောင့် အကြမ်း​ဖက်​သမား​ကို ထိ​ရောက် ဟန့်​တား​တဲ့ နှိမ်​နင်း​မှု​တွေ​ပြု​နိုင် မှာ​ပါ’’ ဟု ရဲ​မှူး​ချုပ် စိုး​မြိုင်​က ပြော​သည်ဟု http://www.7daydaily.com တွင် သတင်းဖော်ပြခဲ့ပါသည်။
copy right & refind; http://www.7daydaily.com

No comments:

Post a Comment