24 October 2014


ရှမ်းပြည်နယ် ပဲပုတ်ဈေးကွက် ကျယ်ပြန့်မှုမရှိဘဲ ဒေသတွင်း ဈေးကွက်တွင် လည်ပတ် စီးဆင်းနေ

တောင်​ကြီး အောက်တိုဘာ ၂​၃

ရှမ်းပြည်နယ်​ထွက် ပဲ​ပုပ်​စေ့ ဈေး​ကွက်​သည် တရုတ်​ပြည်​မှ ဝယ်​ယူ​မှု နည်းပါး​ခြင်း​ကြောင့် ဈေး​ကွက် ကျယ်​ပြန့်​မှု မ​ရှိ​ဘဲ ဒေသ​တွင်း ဈေး​ကွက်​၌​သာ စီး​ဆင်း​နေ​ကြောင်း ဒေသ​ခံ ကုန်သည်​များ​ထံ​မှ

သိ​ရ​သည်။

''အမှန်​ဆို​ရင် တရုတ်​နိုင်ငံ​က ပဲ​ပုပ် လို​အပ်​ချက် မြင့်​မား​ပါ​တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်​က ထွက်​တဲ့ ပဲ​ပုပ်​ကို တရုတ်​က အဝယ်​နည်း​တယ်။ တရုတ်​နိုင်ငံ​က မြန်မာ​နိုင်ငံ ဈေး​ထက် သက်သာ​ပြီး အရည်အသွေး​ပိုင်း ပါ​သာ​တဲ့ ဥ​ရော​ပ​နဲ့ အမေ​ရိ​ကန်​က ပဲ​ပုပ်​ကို ဝယ်​ယူ​နေ​တာ​ပါ။ ကျွန်တော်​တို့ နိုင်ငံ​က​လည်း ပဲ​ပုပ်​ကို စီးပွားဖြစ် စိုက်ပျိုး​မှု ပုံစံ​မျိုး မဟုတ်​ဘဲ တစ်​နိုင်​တစ်​ပိုင် အနေ​နဲ့ မိရိုးဖလာ စား​သောက်​ကုန် တစ်​ခု​အဖြစ်​နဲ့​သာ စိုက်ပျိုး​ကြ​တာ​ပါ။ ဒီ​နှစ် တရုတ်​နိုင်ငံ​က အဝယ်​နည်း​တော့ ပဲ​ပုပ်​ဈေး​က​ကျ​ပြီး ဒေသ​တွင်း ဈေး​ကွက်​မှာ​ပဲ ဦးတည် စီး​ဆင်း​နေ​ပါ​တယ်'' ဟု တောင်ကြီးမြို့​ရှိ ကုန်သည်​တစ်​ဦး​က ပြော​သည်။

ရှမ်းပြည်နယ်​၌ ပဲ​ပုပ်​သည် မိရိုးဖလာ စား​သောက်​ကုန် တစ်​ခု​အဖြစ် လို​အပ်​ချက်​ရှိ​ကြောင်း၊ ပဲ​ပုပ်​စိုက် တောင်သူ​များ​သည် ပဲ​ပုပ်​ကို စီးပွားဖြစ် စိုက်ပျိုး​ခြင်း မဟုတ်​ဘဲ တစ်​နိုင်​တစ်​ပိုင် အဖြစ် တစ်​နှစ်​လျှင်​နှစ်​သီး စိုက်ပျိုး​ကြောင်း သိ​ရ​သည်။ ''ပဲ​ပုပ်​ကို နိုင်ငံ​တကာ နည်းတူ စီးပွားဖြစ် စိုက်ပျိုး​မှု မ​လုပ်​ကြ​ဘူး။ ဧက​များ⁠များ​စိုက်​တဲ့ သူ​လည်း​မ​ရှိ​ပါ​ဘူး။ စပါး​ခင်း​တွေ ရိတ်​သိမ်း​ပြီး​ချိန် မြေ​လွတ်​တွေ​မှာ စိုက်​ကြ​တာ​များ ပါ​တယ်။ စီးပွားဖြစ် စိုက်​တာ​မျိုး မဟုတ်​တော့ အထွက်​နှုန်း​ပိုင်း​က စီးပွားဖြစ် စိုက်​တဲ့​နိုင်ငံ​တွေ​ကို မ​ယှဉ်​နိုင်​ဘူး။ တရုတ်​နိုင်ငံ​က လို​အပ်​တဲ့ ပဲ​ပုပ်​ကို ဥ​ရော​ပ​နဲ့ အမေ​ရိ​က​က တင်​ပို့​တဲ့​အခါ တရုတ်​နိုင်ငံ အရောက် တစ်​ပိဿာ​ကို ကျပ် ၈​ဝ​ဝ ဝန်းကျင်​ပဲ ရှိ​တယ်။ ကျွန်တော်​တို့ နိုင်ငံ​ရဲ့ လက်​ရှိ ပြည်​တွင်း ပဲ​ပုပ်​ဈေး​က တစ်​ပိဿာ​ကို ကျပ် ၈​၅​ဝ နဲ့ ၉​၅​ဝ ကြားမှာ ရှိ​ပါ​တယ်။ ဒီ​အချက်​တွေ​ကြောင့် တရုတ်​နိုင်ငံ​ဘက်​က အဝယ်​နည်း​တာ​လည်း ပါ⁠ပါ​တယ်။ ပဲ​ပုပ်​စိုက်ပျိုး​သူ​နဲ့ ကုန်သည်​တွေ​က ပဲ​ပုပ်​ဈေး တစ်​ပိဿာ​ကို ကျပ် ၁​ဝ⁠ဝ​ဝ လောက်​ရ​ရင် အဆင်​ပြေ​တဲ့ သဘော​ရှိ​ပါ​တယ်။ မနှစ်​က ပဲ​ပုပ်​ဈေး​က ကျပ် ၈​ဝ​ဝ နဲ့ ၁​၂​ဝ​ဝ ကြား​ရှိ​ခဲ့​ပါ​တယ်'' ဟု​စီးပွား​ရေး​နှင့် ကူးသန်း ရောင်းဝယ်​ရေး ဝန်ကြီး​ဌာန​မှ တာဝန်ရှိ​သူ တစ်​ဦး​က ပြော​သည်။ လက်​ရှိ​တွင် ရှမ်း​ပြည်​မှ ထွက်​ရှိ​သော ပဲ​ပုပ်​များ​ကို ပြည်​တွင်း ဈေး​ကွက်​တွင် ဆီ​အစားထိုး အဖြစ် ပဲ​ပုပ်​ဆီ​များ​ကို ထုတ်​လုပ်​ကြ​ကြောင်း သိ​ရ​သည်။
refind; http://www.myawady.net.mm

No comments:

Post a Comment