10 October 2014

အရပ်သား​ကား​တစ်​စင်း မိုင်း​ဆွဲ​တိုက်ခိုက်​ခံ​ရ၊ တစ်​ဦး​သေ လေး​ဦး​ဒဏ်ရာ​ရ

ထွက်​ဇောတိ​က | အောက်တိုဘာ ​၇ ရက်၊ ​၂​၀​၁​၄ | တောင်​ကြီး​တိုင်း​မ်

RCSS/SSA Soldiers
ဩဂုတ်​လ (၆) ရက်​နေ့ မနက် (၈) နာရီ​အချိန်​က မောက်​မယ်​မြို့​နယ်၊ ဟို​နမ်း​ကျေးရွာ​အုပ်စု​မှ ထီ​ဖက်​န​မ်​ရွာ​နှင့် နမ်း​ယ​န်း​ရွာ​ကြားမှာ ဟို​နမ်း​ရွာ​မှ ပြန်လာ​တဲ့ ဟိုက်​လက်တို​က်​ကား​တ​ခန်း​ခွဲ ကား​တစ်​စင်း​ကို မိုင်း​ခွဲ​တိုက်ခိုက်​ခံ​ရ​ပြီး ကား​ပေါ်​ပါလာ​သော နောင်​မီ​ရဲ​ရွာသား တ​မြင့်​က ပွဲချင်းပြီး သေ​ဆုံး​ကာ ကျန် (၃) ဦး​က ဒဏ်ရာ​များ​ရ​ရှိ​ပြီး ဟို​နမ်း​ကျေးရွာ​အုပ်စု ဆေး​ပေး​ခန်း​သို့ တင်​ထားခဲ့​ရ​တယ်​လို့ သိ​ရ​ပါ​တယ်။


၎င်း ​ကား​ကို မိုင်း​ဆွဲ​တိုက်ခိုက် မ​ခံ​ရ​ခင်​အချိန်​မှာ ဆိုင်​ခေါ​ဝ်​ရွာသား​တစ်​ဦး​ဖြစ်​တဲ့ ထွန်း​ရီ​က ဆိုင်​ကယ်​ဖြင့် ထီ​ဖက်​နမ်း​ရွာ​မှာ​နေ​တဲ့ ၎င်း​ရဲ့​ညီ​လေး​ကို သွား​လည်​ရာ​မှ လမ်း​ခုလတ်​ပေါ်​မှာ RCSS တပ်ဖွဲ့​က တားဆီး​တာ​ကို ဆိုင်​ကယ်​က တောင်​တက်​နေရာ ရပ်​မ​ရ​တဲ့​အတွက် အပ​စ်​ခံ​ရ​ပြီး ခေါင်း​နှင့် ဝမ်းဗိုက်​မှာ ကျည်​ဆံ​ထိ​မှန်​ကာ ပွဲချင်းပြီး သေ​ဆုံး​ခဲ့​တယ်​လို့ သိ​ရ​ပါ​တယ်။

“အဲ​ဒီ​ကား​က ရွာသား​ကား​မှန်း(RCSS/SSA) က သိ​တယ်။ ဘာ​ကြောင့်​လဲဆို​တော့ လွန်​ခဲ့​တဲ့ (၉) ရက်​လောက်​က သူ​တို့​တစ်​ခါ တား​ပြီး စစ်ဆေး​ခဲ့​သေး​တယ်။ ရွာသား​ကား​မှန်း​သိ​တော့ လွတ်​ပေး​ခဲ့​တယ်။ အဲ​ဒီ​ကား​ပိုင်​ရှင်​က ထီ​ဟ​န်း​ခြွီ​ရွာ​နေ ​ဖြား​ဟန် ကား​ဖြစ်​တယ်။ အခု​တစ်​ခေါက်​တော့ ရွာသား​ကား​မှန်း​သိ​ရက်​သား​နဲ့ ဒီ​လို​မိုင်း​ဆွဲ​တိုက်ခိုက်​တာ​ကို​တော့ ပြည်​သူ​ကို အကြမ်း​ဖျက်​တာ​ဘဲ။ ရွာသား​ကို အကြမ်း​မ​ဖျက်​ခင်​မှာ ထီ​ဖက်​န​မ်​ရွာ​အနီး​တဝ​က်​မှာ​ရှိ​တဲ့ ရွာ​များ​ကို ရှမ်း​တပ် (RCSS/SSA) က ဆက်​ကြေး​တောင်း​တယ်။ တပ်သား​စုဆောင်း​ဖို့ လူ​တွေ​ကို တစ်​ရွာ (၃) ယောက်၊ (၅) ယောက် အဲ​လို​တောင်း​တော့ ရွာသား​တွေ ထွက်ပြေး​ကုန်​တော့ လမ်း​သွား​လမ်း​လာ​တဲ့ ဆိုင်​ကယ်​တွေ​ကို​တား​ပြီး လူ​ကို​ဖမ်း​တယ်။ အခု​က ဆိုင်​ကယ်​စီး​လာ​တဲ့​လ​ ူ(​၂) ယောက်​ကို ဖမ်းထား​တယ်။ ဆိုင်​ကယ်​က လမ်း​ပေါ်​ကျန်​ခဲ့​တယ်။ အဖ​မ်း​ခံ​ရ​တဲ့ ဆိုင်​ကယ်​စီး​သူ (၂) ယောက်​က ဘယ်​သူ​ဘယ်​ဝါ​မှန်း မ​သိ​သေး​ဘူး။ ဟို​တရက်​လည်း ထီ​ရီး​ရွာသား အဖိုး​တစ်​ယောက်​ကို လမ်း​ပေါ်​မှာ တား​ပြီး​ဖမ်းထား​တော့ အဖိုး​က စိတ်​မ​မှန်​တဲ့​လူ​ဖြစ်​တော့ ပြန်​လွတ်​ပေးလိုက်​တယ်” ဆို​ပြီး ထီ​ဖက်​န​မ်​ရွာ​မှ ပြန်လာ​တဲ့ ဆိုင်​ခေါ​ဝ်​ရွာသား တစ်​ဦး​က ပြော​ပြ​သွား​ပါ​တယ်။

အဲ​ဒီ​ဒေသ​မှာ RCSS/SSA မှ ကာ​လိ​န် ဦးဆောင်​တဲ့ ​၆​၃​၁ တပ်ဖွဲ့​နဲ့ န​န္ဒော​ဦးဆောင်​တဲ့ ​၆​၃​၅ တပ်ဖွဲ့​တို့ ပူးပေါင်း​ပြီး လွန်​ခဲ့​တဲ့​လ​အနည်းငယ်​က အဲ​ဒီ​ဒေသ​ကို စတင်​လာ​ရောက်​လှုပ်ရှား​ခဲ့​တယ်​လို့ သိ​ရ​ပါ​တယ်။

”ဒီ​လမ်း​က လွန်​ခဲ့​တဲ့ ​၁​၀ လ​ကျော်​ကျော်​က PNLO က ဖောက်​ထား​တဲ့​လမ်း ဖြစ်​တယ်။ အရ​င်​က ဒီ​ဘက်​ရွာ​မှာ ကား​လမ်းမ​ပေါက်​ဘူး။ မြင်း​တို့ လား​တို့​နဲ့​ဘဲ ဝန်တင်​ရ​တယ်။ ပျံ​လွန်သွား​တဲ့ ထီ​ဟ​န်း​ခြွီ​ရွာ ကျောင်း​ထိုင်​ဆရာတော်​က ဒေသ​ဖွံ့ဖြိုး​ရေး​အတွက် ကား​လမ်းဖောက်​ပေး​ပါ​လို့ PNLO ကို အကြိမ်ကြိမ် မေတ္တာရပ်ခံ​ခဲ့​တယ်။ အခု​က ကား​လမ်း​လည်း​ပေါက်​ပြီး (၇) လ (၈) လ​လောက်​ဘဲ ရှိ​သေး​တယ်။ ရှမ်း​စစ်​တပ် (RCSS) က ထီ​ဖက်​န​မ်​ရွာ​နဲ့ နမ်း​ယ​န်း​ရွာ​ကြားမှာ စောင့်​ကြည့်​နေ​တာ ကြာ​ပြီ။ သူ​တို့​သွား​လာ လှုပ်ရှား​တာ​ကို ရွာသား​တွေ တွေ့​နေ​ရ​တယ်” ဟု နမ်း​ယ​န်း​ရွာသား​တစ်​ဦး​က ပြော​ပြ​ပါ​တယ်။

ပြီး​ခဲ့​တဲ့ စက်တင်ဘာ​လ (၃) ရက်​နေ့​မှာ RCSS က နောင်​ကန်​ပိုင်​ရွာ​မှာ ဖွံ့ဖြိုး​ရေး​လုပ်​နေ​တဲ့ PNLO တပ်ဖွဲ့​များ​ကို ဝင်​ရောက်​ပစ်ခတ်​ရာ​မှ ရွာသား​အမျိုးသမီး (၂) ဦး​သေ​ဆုံး​ကာ ရွာသား အမျိုးသား (၂) ဦး ဒဏ်ရာ​ရ​ခဲ့​ပြီး PNLO တပ်သား​က (၂) ဦး​ကျ (၄) ဦး ဒဏ်ရာ​ရ​ခဲ့​ကြော​င်း သိ​ရ​ပါ​တယ်။
 

No comments:

Post a Comment