နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)
နှင့်အညီ အကျဉ်းထောင် အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီး
ဖြစ်သည့်အပြင် အကျဉ်းထောင် ကျခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့်
အကျဉ်းသား/အကျဉ်းသူ ၃၀၇၃ ဦးတို့အား နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊
တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်
လည်းကောင်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊
သီတင်းကျွတ်လဆန်း ၁၄ ရက်) နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်များပေးခဲ့ပါသည်။
အဆိုပါ
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို
နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုး အတွက်
အများပြည်သူများနှင့်အတူ တာဝန် ထမ်းဆောင် သွားနိုင်စေရန် မြန်မာနိုင်ငံသား
အကျဉ်းသား ၃၀၁၅ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များနှင့် နှစ်နိုင်ငံ
ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှုသော
အားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၅၈ ဦးအား
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်းတို့ ပါဝင်ပြီး
စုစုပေါင်း အကျဉ်းသား/ အကျဉ်းသူ ၃၀၇၃ ဦးတို့အား
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။
refind;http://www.president-office.gov.mm
refind;http://www.president-office.gov.mm

No comments:
Post a Comment