5 October 2014

ေ​တာ​င​္​ႀ​ကီး​ၿ​မိ​ဳ​႕​တြင္ဗုံး​ေ​ပါက္ကြဲ​မွဳ ျ​ဖစ္ပြား

သစ်ထူးလွင်သတင်းတွင် ဖော်ပြချက်အရ -
ရှမ်းပြည်နယ် ​မြို့တော် တောင်​ကြီး​မှာ အောက်တိုဘာ​လ ​၄ ရက်​နေ့​ည​ပိုင်း​က ဗုံး​ပေါက်ကွဲ​မှု​တွေ ဆက်တိုက်​ဖြစ်ပွား​ခဲ့​ပြီး ရဲ​တပ်သား ​၂ ယောက် ဒဏ်ရာ​ရ​ရှိ​ခဲ့​တယ်​လို့ စုံစမ်း​သိရှိ​ရ​ပါ​တယ်။

ည ​၁​၀ နာရီ​ကျော်​လောက်​က​စ​ပြီး ဗုံး ​၃ လုံး ဆက်တိုက်​ပေါက်ကွဲ​ခဲ့​တဲ့​အကြောင်း တောင်​ကြီး မြို့​နယ် အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ ဒေါ်​ခင်​မိုး​မိုး က ပြော​ပါ​တယ်။

“ည ​၁​၀ နာရီ ​၅ မိ​နစ်​နဲ့ ​၁​၀ မိ​နစ်​ကြားမှာ ဗိုလ်​ချုပ်​အောင်​ဆန်း​လမ်း​ပေါ် ​၂​၀​၂ တပ် ပေါက်​ဝ​မှာ ဗုံး​တ​လုံး ကွဲ​ပါ​တယ်။ နောက်​ပြီး ​၂​၀​၂ တပ် ပေါက်​ဝ​ရဲ့ မျက်စောင်းထိုး ယာဉ်​ထိ​မ်း​တပ်ဖွဲ့​မှူး​ရုံး​မှာ တ​လုံး​ကွဲ​ပါ​တယ်။ ယာဉ်​ထိ​မ်း​တ​ဦး လက်မောင်း​ကို ကျည်​ဆန်​အစ​မှန်​ပါ​တယ်။ နောက်​ပြီး​တော့ ရဲသား​အသစ်​တယော​က် ခြေသလုံး​ကို အစ​မှန်​ပါ​တယ်။ အဲ​ဒီ ​၂ ယောက် ဒဏ်ရာ​ရ​ပါ​တယ်။ ​၂​၀​၂ တပ်​ပေါက်​ဝ​မှာ ဒဏ်ရာ​ရ​တဲ့​သူ မ​ရှိ​ပါ​ဘူး။ နောက် ရ​ပ​ခ အပေါက်​ဝ​မှာ ပြင်း​အား​များ​တဲ့ တ​လုံး​ကွဲ​ပါ​တယ် အဲ​ဒီ​မှာ​လည်း ထိခိုက်​ဒဏ်ရာ​ရ​သူမ​ရှိ​ပါ​ဘူး။”

ရ​ပ​က အရှေ့​ပိုင်း​တိုင်း​စစ်​ဌာန​ချုပ်​အနီး​မှာ မ​ပေါက်ကွဲ​သေး​တဲ့ ဗုံး ​၂ လုံး ထပ်​တွေ့​တယ်​လို့​လည်း ပြော​ပါ​တယ်။

တောင်ကြီးမြို့​မ​ရဲ​စခန်း​ကို ဆက်​သွယ်​မေးမြန်း​ရာ​မှာ ဗုံး​ပေါက်​တာ အတည်ပြု ပြောဆို​ပေ​မယ့် အသေး​စိတ်​ပြော​ဖို့ ငြင်း​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ရက်ပို​င်း​အတွင်း ရှမ်းပြည်နယ်​ထဲ အစိုးရ​စစ်​တပ်​နဲ့ ရှမ်း​ပြည်​တပ်မ​တော်​တို့ တိုက်​ပွဲ​တွေ​ဖြစ်ပွား​ပြီး မ​ရှေး​မ​နှောင်း​မှာ တောင်​ကြီး​မှာ အခု​လို ဗုံး​ပေါက်ကွဲ​မှု​တွေ ဖြစ်ပွား​ခဲ့​တာ ဖြစ်​ပါ​တယ်။

တနင်္ဂနွေနေ့​မှာ​တော့ လုံခြုံ​ရေး​တာဝန်ရှိ​သူ​တွေ​က ဗုံး​ပေါက်ကွဲ​မှု​တွေ ဆက်တိုက်​ဖြစ်ပွား​ခဲ့​တဲ့ ဗိုလ်​ချုပ်​လမ်း​ကို ခေတ္တ​ပိတ်​ပြီး ဗုံး ရှာဖွေ​မှု​တွေ ဆက်လက်​လုပ်ဆောင်​ခဲ့​ပြီး မြို့​လုံခြုံ​ရေး​လည်း ပိုမို​တိုး​ချဲ့​ချထား​တယ်​လို့ ဒေသ​ခံ​တွေ​က ပြော​ပါ​တယ်။

တောင်​ကြီး​ရဲ့ နာမည်​ကျော် တောင်​ကြီး​တန်ဆောင်တိုင်​ပွဲ ကျင်းပ​ဖို့ သိပ်​မ​လို​တော့​တဲ့ အချိန်​ဖြစ်​တာ​မို့ ဗုံး​ပေါက်ကွဲ​တဲ့​အပေါ် မြို့​ခံ​တွေ​ကြား စိုးရိမ်​မှု​တွေ ရှိ​နေ​ကြ​ပါ​တယ်။

By ရွှေ​အောင် (ဒီ​ဗွီ​ဘီ)
http://burmese.dvb.no/archives/66886

 
 

No comments:

Post a Comment