2014 October 17
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ(၃၀)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ညမီးကြီးအလုံး(၉၀)၊ စိန်နားပန်(၃၄)လုံး၊ နေ့လွတ်အရုပ်ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုအရုပ်များ စုစုပေါင်း(၂၀၀)ကျော်လွတ်တင်သွားမည်ဖြစ်ပြီး ဆုများကိုယင်ခင်နှစ်ကထကတိုးမြှင့်၍ မီးကြီးပထမဆုကို သိန်း(၆၀)၊ ဒုတိယဆုကို(၄၅)သိန်း၊ တတိယဆုကို(၄၀)သိန်း၊ စတုတ္ထဆုကို(၃၅)သိန်းနှင့် စိန်နားပန်ပထမဆု(၂၅)သိန်း၊ ဒုတိယဆု(၂၀)သိန်း၊ တတိယဆု(၁၈)သိန်း၊ စတုတ္ထဆု(၁၅)သိန်း၊ ပဉ္စမဆု(၁၃)သိန်း၊ နေ့လွတ်အရုပ် ပထမဆု(၅)သိန်း၊ ဒုတိယဆု(၄)သိန်း၊ တတိယဆု(၂)သိန်းနှင့် နှစ်သိမ့်ဆုများအသီးသီးချီးမြှင့်သွားမည် ဖြစ်ပြီး၊ ဓါတ်ပုံပြိုင်ပွဲ၊ Miss တန်ဆောင်တိုင်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ ခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပဒေသာပင်လှည့်လည် ပူဇော်ပွဲများနှင့် ဇာတ်သဘင်၊ အငြိမ့်၊ စတိတ်ရှိုးများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
HAK

No comments:
Post a Comment