6 October 2014

တောင်ကြီးမြို့​၌ မိုင်း​ပေါက်ကွဲ​မှု ဖြစ်ပွား

နေပြည်တော် အောက်တိုဘာ ၅
အောက်တိုဘာ ၄ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့သည်။ ည ၁ဝ နာရီ ၂၂မိနစ်တွင် စဝ်စံထွန်းရပ်ကွက် မြို့ပတ် ကားမှတ်တိုင်၌ ပေါက်ကွဲမှုစတင် ဖြစ်ပွားခဲ့ရာ အရှည်ပေ ၂ဝခန့်ရှိ ကားမှတ်တိုင်(သစ်သား)ထိုင်ခုံ ၁ဝပေခန့် ပျက်စီး၍ အမြင့် ၁၅ ပေခန့်ရှိ ကားမှတ်တိုင် (သွပ်မိုး) ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။        
               
ည ၁ဝနာရီ မိနစ် ၄ဝ ခန့်တွင် သစ်တောရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး တောင်ဘက် ခြမ်းရှေ့တွင် ဒုတိယမြောက်ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး အဆိုပါနေရာအနီး ည ၁ဝနာရီ မိနစ် ၅ဝခန့်တွင် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုနေရာများသို့ နယ်မြေခံတပ်မှ မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ လှည့်ကင်း လုံခြုံရေး တပ်ဖွဲ့ဝင် များက ရှင်းလင်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ်နေရာ အနီးတွင် ပေါက်ကွဲမှု မရှိသေးသည့် ရှေ့ထွက်မိုင်း တစ်လုံးနှင့် စဝ်စံထွန်း ရပ်ကွက်အတွင်း မပေါက်ကွဲသေးသည့် မိုင်းတစ်လုံး တို့အား ထပ်မံတွေ့ရှိရ၍  မိုင်းရှင်းလင်းရေး အဖွဲ့က သဲအိတ်များ ကာရံကာ ရေလုံးစနစ်ဖြင့် ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်းနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့အတွက် ပူးပေါင်း အဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ကြောင်း မြဝတီသတင်း website တွင်ဖော်ပြထားပါသည်။
(ရဲပြန်ကြား)
refind; http://www.myawady.net.mm

No comments:

Post a Comment