သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၅)ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက်လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်းများ၊ သမဝါယမအသင်း အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ သမဝါယမ ဦးစီးဌာန အဆင့်ဆင့်မှ ဌာနခွဲစာရေးဝန်ထမ်း သင်တန်းသား(၄၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် စဉ်းစားတွေးခေါ်ပြောင်းလဲခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း ဆောင်ရွက်မှုအစီအစဉ်၊ စာရင်းရေးစာရင်းကိုင်ပညာ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပြီး၊ သင်တန်းအား စက်တင်ဘာလ(၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

refind; http://www.shanstate.gov.mm

No comments:
Post a Comment