နှင်းသစ္စာ (တောင်ကြီး) | ဩဂုတ်လ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

စစ် တပ်သိမ်းမြေ၊ ကုမ္ပဏီများသိမ်းမြေ၊ အုပ်ချုပ်ရေးအဖွဲ့များသိမ်းမြေများနှင့် အလွဲသုံးရောင်းစားမြေယာများ ပြန်လည်ရရှိရေးကို ၂၀၁၄ ခုနှစ်ဩဂုတ်လ ၇ ရက်နေ့ တောင်ကြီးမြို့နယ်၊ အေးသားယာစက်မှုဇုန်မြို့တွင် တောင်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်းစုံ တောင်သူများ စုပေါင်းဆန္ဒပြ တောင်းဆိုသွားကြောင်း သိရှိရသည်။
”ဒီ နေ့ဆန္ဒပြတာကတော့ တောင်ကြီးမြို့နယ်ရှိ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄)၊ ဖက်ကွန်ကျေးရွာ၊ ညိုမီးရွာ၊ နောင်ကားရွာနေ တောင်သူလယ်သမားများပါတယ်။ ရွေညောင်မြို့နယ်ရှိ ရေပူရွာ၊ ကျောက်နီရွာ၊ စက်မှုဇုန်၊ ညောင်ရွေ၊ ပါနွေးရွာရှိ တောင်သူလယ်သမားများလည်း ပါတယ်၊ စုစုပေါင်းတောင်သူလယ်သမားများဦးရေ (၆၀၀) ကျော်ခန့် ပါရှိတ်ယ်“ ဟု ရှမ်းတောင် တောင်သူလယ်သမားဖြစ်မြောက်ရေးအဖွဲ့ ကော်မတီတစ်ဦး ကိုမျိုးကြီးက ပြောသည်။
အေး သာယာမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်နယ်မုဒ်ဦးအဝင်မှစ၍ အေးသာယာ စက်မှုဇုန်လမ်း အတိုင်း ဆန္ဒပြလမ်းလျှောက်လာရာ အေးသာယာမြို့စက်မှုဇုန်၊ အမှတ် (၁၂) ရပ်ကွက်ရှိ စက်မှုဇုန် ကြီးကြပ်ရေးရုံးရှေ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ ရောက်လာပြီး ထိုရုံးနှစ်ရုံးရှေ့လမ်းဆုံတွင် ဆန္ဒပြတောင်သူလယ်သမားများရပ်စုကာ ဦးဆောင်သူ ဦးတင်ရွေက ဆန္ဒထုတ်ဖော်ဟောပြောမှု ပြုလုပ်ကြောင်း သိရှိရသည်။
“ဒီ တစ်ခေါက်ဆန္ဒပြတာဟာ ဒုတိယအကြိမ်ဖြစ်တယ်၊ ပထမအကြိမ်တုန်းကလဲ ဆန္ဒပြခဲ့တယ်၊ ဖြေရှင်းပေး လုပ်ဆောင်တဲ့ထူးခြားချက်တွေ မတွေ့ရဘူး၊ ဒါကြောင်း အခုဒုတိယအကြိမ် ထပ်ပြီးဆန္ဒပြတယ်၊ ဒီတစ်ခေါက်ပြီး ထူးခြားတဲ့ ဖြေရှင်းပေးတာတွေ မရှိသေးရင် နောက်တစ်ခေါက် ဆန္ဒပြထပ်လုပ်ရင်လည်း လုပ်မယ်၊ ကျွန်တော်တို့ တောင်သူလယ်သမားတွေလည်း လယ်ယာမြေ ဥပဒေတွေ လေ့လာပါတယ်၊ ဥပဒေပညာရှင်တွေလည်း ရှိတယ်၊ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်“ ဟု ရှမ်းတောင် တောင်သူလယ်သမားအဖွဲ့ကော်မတီလည်းဖြစ်၊ ဆန္ဒပြဦးဆောင်သူလည်းဖြစ် ဦးတင်ရွေက ပြောကြားသည်။
“ကျွန်တော် တို့က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄) က တောင်သူများပါ၊ ၁၉၉၂ ခုနှစ် တပ်အမှတ် (၅၁၀) စစ်တပ်က ဧကပေါင်း (၇၀၀) ကျော် သိမ်းထားတဲ့မြေတွေ ဖြစ်တယ်၊ ထိုမြေတွေထဲမှာ ဘာမှလည်း မလုပ်ဘူး၊ လုပ်ကိုင်စားသောက်ဖို့ အမှန်တကယ်ပြန်လိုအပ်တဲ့ တောင်သူလယ်သမားများကိုတော့ ပြန်မပေးဘူ။ မြေယာပိုင်ရှင် မဟုတ်တဲ့ ဦးခွန်လှဆာနဲ့ တွဲပြီး၊ အလွဲသုံးစား မြေယာရောင်းချမှုများကိုတော့ ပြုလုပ်တယ်၊ အခုအချိန်ဆို ထိုမြေကွက်များကို ဦးခွန်လှဆာက အကွက်ဖော် ရောင်းစားမှုတွေ ပြုလုပ်နေတယ်၊ မြေယာကို ရောင်းစားနေမည့်အစား ပိုင်ရှင်တောင်သူများကိုသာ ပြန်ပေးဖို့ လိုတယ်“ ဟု ဘုရားဖြူရပ်ကွက်နေ တောင်သူလယ်သမား ဦးခွန်ပန်းမောင်က ပြောသည်။

No comments:
Post a Comment