27 August 2014

ရှမ်း နှစ်​သစ်​ကူး ပွဲတော် ကျင်းပ​နိုင်​ရေး ညှိနှိုင်း စည်းဝေး​ပွဲ ကျင်းပ

တောင်ကြီး ဩဂုတ် ၂၄
ရှမ်းပြည်နယ် ရှမ်းသက္ကရာဇ် ၂၁ဝ၉ ခုနှစ် နှစ်သစ်ကူး ပွဲတော် ကျင်းပနိုင်ရေး အတွက် ကြိုတင် ညှိနှိုင်း အစည်းအဝေးကို
ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း နာယက၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတ်၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်း နှစ်သစ် ကူးပွဲတော် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းမှ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတ်က အဖွင့် အမှာစကား ပြောကြားပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးစိုင်းခမ်းနွံက ကော်မတီ ဖွဲ့စည်း ဆောင်ရွက် ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ တက်ရောက် လာကြသူများက ရှမ်းသက္ကရာဇ်၂၁ဝ၉ ခုနှစ် နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေး အတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်မည့် လုပ်ငန်း တာဝန်များကို ပေါင်းစပ် ညှိနှိုင်း တင်ပြ ဆွေးနွေး ကြသည်။ အဆိုပါ ရှမ်း နှစ်သစ်ကူး ပွဲတော်ကို နိုဝင်ဘာ ၂ဝ ရက် မှ ၂၂ ရက်ထိ တောင်ကြီးမြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment