28 August 2014


တောင်ကြီးမြို့​နယ် ဩဂုတ် လ ​၂​၇
တောင်ကြီးမြို့​နယ်​အ​ထွေ​ထွေ​အုပ်ချုပ်​ရေး​ဦးစီး​ဌာန၊ အစည်းအဝေး​ခန်းမ​တွင် အပတ်​စဉ် ပုံ​မှန် ရှမ်းပြည်နယ်​ပြည်​သူ့​လွှတ်​တော် ကိုယ်စားလှယ် ဦး​စံ​လင်း​နှင့် မြို့​နယ်​ကော်မတီ​ဝင်​များ၊ မြို့​နယ်​အဆင့်​ဌာန ဆိုင်​ရာ​များ ဒေသ​ဖွံ့ဖြိုး​ရေး လို​အပ်​ချက်​တွေ့​ဆုံ ညှိနှိုင်း​အစည်းအဝေး​အားကျ​င်း​ပ​ပြုလုပ်​ရာ​တွင်  ရှမ်းပြည်နယ်​ပြည်​သူ့​လွှတ်​တော် ကိုယ်စားလှယ် ဦး​စံ​လင်း၊ မြို့​နယ်​စီမံ​ခန့်​ခွဲ​ရေး​ကော်မတီ ဥက္ကဌ ဦး​ဇော်​မြင့်​သိန်း၊ မြို့​နယ်​အဆင့်​အထောက်​အ​ကူ​ပြု​ကော်မတီ၊ မြို့​နယ်​လုံခြုံ​ရေးရေး​နှင့်​တရား​ဥပဒေ​စိုး​မိုး​ရေး ကော်မတီ၊ မြို့​နယ်​အဆင့်​ဌာန​ဆိုင်​ရာ​များ၊ မြို့​မိ​မြို့​ဖ​များ၊ တောင်ကြီးမြို့​ဳ​ပေါ် (၂​၂)ရပ်​ကွက် အုပ်ချုပ်​ရေး​မှူး​များ​တက်​ရောက်​ကြ​ပါ​သည်။
အ​ဆို​ပါ​အစည်းအဝေး​တွင် မြို့​နယ်​စီမံ​ခန့်​ခွဲ​ရေး​ကော်မတီ ဥက္ကဌ ၊ မြို့​နယ်​အုပ်ချုပ်​ရေး​မှူး ဦး​ဇော်​မြင့်​သိန်း​မှ ပမာဏ​နှုတ်ခွန်းဆက်​စကားပြော​ကြား​ရာ​၌ တောင်ကြီးမြို့​နယ်​ဖွံ့ဖြိုး​တိုးတက်​ရေး​အတွက်   ပေါင်း​စပ် ညှိနှိုင်း ခြင်း​အတွက် ရည်​ရွယ်​ကျင်းပ​ရ​ခြင်း​ဖြစ်​ကြော​င်း၊ တောင်ကြီးမြို့​နယ်​အတွင်း​၌ စုပေါင်း​ရုံး​များ​အဖြစ်​တည်ဆောက်​ပြီး E-Government စနစ် အ​တွ​က် clone Sever ဖြင့် တစ်​နေရာ​တည်း​တွင်​ပြီးစီး​နိုင်​သော  One Stop Office များ​အဖြစ် ဆောင် ရွက်ရ​မည့် လုပ်​ငန်း​များ အဆင့်​မြှင့်​တင်ဆောင်​ရွက်​သွား​နိုင်​ရန် ရည်​ရွ​ယ်​အကောင်အထည်​ဖော်​ဆောင်ရွက်​သွား​ရ​မည်​ဖြစ်​ကြော​င်း၊ စက်​မှု​သီး​နှံ​များ​၏ အထွက်​တိုး​စိုက်​နည်း​စနစ်​များ၊ မျိုး​ကောင်း​မျိုး​သန့် ပြောင်းလဲ​ရေး​လုပ်​ငန်း​များ​နှင့် နည်း ပညာ​ပေး​လုပ်​ငန်း​များ​အား ဆောင်ရွက်​ပေး​ရန် လို​အပ်​ကြော​င်း၊ တောင်သူ​များ​စိုက်ပျိုး​မှု​နည်း စနစ်​နှင့် မျိုး​သုံးစွဲ​မှု​များ​တွင် လွဲ​မှား​သွား​ပါ​က အကျိုးစီးပွား​ထိခိုက်​ခြင်း၊ အကျိုး​အမြတ်​ရ​ရှိ​မှု​နည်းပါး​ခြင်း များ ဖြစ်​ပေါ် နိုင်​မည်​ဖြစ်​ကြော​င်း၊ တောင်ကြီးမြို့​သည် အ​သန့်ရှင်း​ဆုံး​မြို့​အဖြစ်​ဆု​ရ​ရှိ​ခဲ့​သော်လည်း အမှိုက်​စွန့်ပစ်​စနစ်​အားနည်း​ခြင်း​အား နည်း​ပညာ​ဖြင့် ဖြေ​ရှင်း ရန်လို​အပ်​ကြော​င်း​အကျ​ယ်​တစ်​ဝင့် ရှင်းလင်း​ပြော​ကြား​ခဲ့​ပါ​သည်။
ယင်း​နောက် မြို့​နယ်​အဆင့်​ဌာန​ဆိုင်​ရာ​များ​မှ ဌာန​တစ်​ခု​ချင်း​အလိုက် ဆောင်ရွက်​ရန်​နှင့် ဆောင်ရွက်​လို​သည့် အချက်အလက်​များ​တင်ပြ​ဆွေးနွေး ညှိနှိုင်း​အဖြေ​ရှာ​ခဲ့​ကြ​ပါ​သည်။ ယင်း​နောက် ပြည်​သူ့​လွှတ်​တော်​ကိုယ်စားလှယ် ဦး​စံ​လင်း​မှ လို​အပ်​သည်​များ ဖြည့်စွက်​ဆွေးနွေး​ခြင်း​အား ပွင့်​ပွင့်လင်း​လင်း​ပြော​ကြား​ခဲ့​ပြီး၊ ရပ်​ကွက်​အုပ်ချုပ်​ရေး​မှူး​များ​မှ ရပ်​ကွက်​အတွင်း လို​အပ်​ချက်​များ၊ ဆောင်ရွက်​ရန်​နှင့်​ဆောင်ရွက်​ပြီးစီး​မှု​အခြေအနေ​များ​အား ပြန်လည်​တင် ပြ ဆွေးနွေး​ခဲ့​ပါ​သည်။ အ​ဆို​ပါ​အစည်းအဝေး​အား နေ့​လည် (၁​၃း​၀​၀)နာရီ​မှ​စတင်​ခဲ့​ရာ ညနေ (၁​၇း​၀​၀)နာရီ​အချိန်​တွင် အောင်မြင်​စွာ ပြီး​ဆုံး​ခဲ့​ပါ​သည်။



refind ; http://taunggyitownship-gad.blogspot.com/2014/08/blog-post_27.html

No comments:

Post a Comment