တောင်ကြီးမြို့နယ် ဩဂုတ် လ ၂၇
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အပတ်စဉ် ပုံမှန် ရှမ်းပြည်နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစံလင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးအားကျင်းပပြုလုပ်ရာတွင် ရှမ်းပြည်နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးဇော်မြင့်သိန်း၊ မြို့နယ်အဆင့်အထောက်အကူပြုကော်မတီ၊ မြို့နယ်လုံခြုံရေးရေးနှင့်တရားဥပဒေစိုးမိုးရေး ကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်ကြီးမြို့ဳပေါ် (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ ပမာဏနှုတ်ခွန်းဆက်စကားပြောကြားရာ၌ တောင်ကြီးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ် ညှိနှိုင်း ခြင်းအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ တောင်ကြီးမြို့နယ်အတွင်း၌ စုပေါင်းရုံးများအဖြစ်တည်ဆောက်ပြီး E-Government စနစ် အတွက် clone Sever ဖြင့် တစ်နေရာတည်းတွင်ပြီးစီးနိုင်သော One Stop Office များအဖြစ် ဆောင် ရွက်ရမည့် လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုသီးနှံများ၏ အထွက်တိုးစိုက်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲရေးလုပ်ငန်းများနှင့် နည်း ပညာပေးလုပ်ငန်းများအား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူများစိုက်ပျိုးမှုနည်း စနစ်နှင့် မျိုးသုံးစွဲမှုများတွင် လွဲမှားသွားပါက အကျိုးစီးပွားထိခိုက်ခြင်း၊ အကျိုးအမြတ်ရရှိမှုနည်းပါးခြင်း များ ဖြစ်ပေါ် နိုင်မည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့သည် အသန့်ရှင်းဆုံးမြို့အဖြစ်ဆုရရှိခဲ့သော်လည်း အမှိုက်စွန့်ပစ်စနစ်အားနည်းခြင်းအား နည်းပညာဖြင့် ဖြေရှင်း ရန်လိုအပ်ကြောင်းအကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဌာနတစ်ခုချင်းအလိုက် ဆောင်ရွက်ရန်နှင့် ဆောင်ရွက်လိုသည့် အချက်အလက်များတင်ပြဆွေးနွေး ညှိနှိုင်းအဖြေရှာခဲ့ကြပါသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစံလင်းမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်းအား ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်အတွင်း လိုအပ်ချက်များ၊ ဆောင်ရွက်ရန်နှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြန်လည်တင် ပြ ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား နေ့လည် (၁၃း၀၀)နာရီမှစတင်ခဲ့ရာ ညနေ (၁၇း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

refind ; http://taunggyitownship-gad.blogspot.com/2014/08/blog-post_27.html