2 May 2014

၂ဝ၁၄ ခုနှစ် အလုပ်သမားနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး   မေ   ၁
၂ဝ၁၄ ခုနှစ် အလုပ်သမားနေ့ အခမ်းအနားကို
ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ၂ဝ၁၄ခုနှစ် အလုပ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားရာ မေ ၁ ရက်တွင် ကျရောက်သော ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီး များကို အလေးအနက် ဂုဏ်ပြု သတ်မှတ်ထားရှိသည့် အလုပ်သမားနေ့တွင် မိမိတို့ နိုင်ငံအတွက် မရှိမဖြစ် အရေးပါသော အင်အားစု တစ်ရပ်ဖြစ်သည့် အလုပ်သမားကြီးများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အလုပ်သမား အဖွဲ့အစည်း ဥပဒေ အရ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုထားရာ ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အထိ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်း စုစုပေါင်း ၁ဝ၉၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အချို့ လုပ်ငန်းများတွင် မြို့နယ် အဆင့်ထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး အချို့ အဖွဲ့အစည်းများကို အဖွဲ့ချုပ် အထိ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယ
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလုပ်သမားနှင့် အလုပ်ရှင်များ၊ ဒေသခံ ပြည်သူများ စုစုပေါင်း အင်အား ၂ဝဝ ကျော် တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
 http://www.myawady.net.mm

No comments:

Post a Comment