16 May 2014

တောင်ကြီးမြို့၌ ပရိဘောဂစေတီ ခေါ် မဟာဗောဓိညောင်ပင်အား ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်

 137
တောင်ကြီး     မေ       ၁၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်အနီးရှိ ပရိဘောဂစေတီ ခေါ် မဟာဗောဓိညောင်ပင်အား မေ(၁၃)ရက်၊ ညနေ(၄)နာရီက ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 အခမ်းအနားတွင် ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ဂုဏ်ပြုပူဇော် မင်္ဂလာကဗျာများကို ဝတ်ရွတ်အသင်းမှ သံပြိုင်ညီညာ ရွတ်ပွားပူဇော်ပြီး၊ နဂါး၊ ဂဠန်၊ နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူး ချီးကျူးကြွေးကြော်သံ ကဗျာများကို ဝတ်ရွတ်အသင်းမှ သံပြိုင်ညီညာ ပူဇော်ခြင်း၊ ပရိတ်သတ် ကိုယ်စား ဗောဓိရက္ခောဒကသိဉ္ဇန မင်္ဂလာဂါထာတော်ဖြင့် ဦးသိန်းစိုးမှ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ခြင်း၊ ဂါထာတော်အဆုံးတွင် ပရိသတ်အပေါင်းက ဗောဓိညောင်ပင်ခြေပလ္လင်ခွေ၌ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်ယာရစ်ပတ်ကာ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 ထို့နောက် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဝတ်အသင်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံ မိဘပြည်သူများက ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 ၎င်းနောက် ဦးသိန်းစိုးက ပရိသတ်ကြီး ကိုယ်စား သတ္တာနုမောဒနာဂါထာတော်ဖြင့် ညောင်ရေသွန်းလောင်းမှု အကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို လူနတ်ဗြဟ္မာ သတ္တဝါတို့အား အမျှပေးဝေကြသည်။
 အဆိုပါ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများ တက်ရောက် ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment