2 May 2014

ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ထန်စန်းလိုဏ်ဂူ စူဠာမုနိ ဘုရား နှင့် မွေတော်ကက္ကူ ဘုရားတို့သို့ သွားရောက် လေ့လာ

တောင်ကြီး  မေ  ၁
၂ဝ၁၄ ခုနှစ်    ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ် ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမ ၂ဝ တို့ ဦးဆောင်၍ ယမန်နေ့နံနက် ၇ နာရီက  ဟိုပုံးမြို့နယ်သို့ ရောက်ရှိလာရာ  ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပအိုဝ်း တိုင်းရင်းသား၊  တိုင်းရင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများက ကြိုဆိုကြသည်။
ထို့နောက်  ဘက်စုံထူးချွန် လူငယ်မောင်မယ်များနှင့် တာဝန်ရှိသူတို့သည် နံနက် ၈ နာရီခွဲတွင် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ထန်စန်း လိုဏ်ဂူတော်သို့  သွားရောက် လေ့လာကြသည်။
ဆက်လက်၍ နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးမြို့  စူဠာမုနိလောက ချမ်းသာ ဘုရား စေတီတော်နှင့် ပုဂံအာနန္ဒာ ဘုရားအား  ဖူးမြော်ကြပြီး အလှူငွေများ ထည့်ဝင် လှူဒါန်းကြသည်။
ထို့နောက် ဘက်စုံထူးချွန် လူငယ် မောင်မယ်များသည် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီး မြို့နယ်ခွဲရှိ မွေတော်ကက္ကူ ဘုရားအား လေ့လာ ဖူးမြော်ကြပြီး  အမှတ်တရ ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။
ဆက်လက်၍ ညနေ ၃ နာရီတွင် ဘက်စုံ ထူးချွန် လူငယ်မောင်မယ်များနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများသည် တောင်ကြီးမြို့ သို့ ပြန်လည် ရောက်ရှိ လာပြီး မြို့မဈေးကြီးနှင့် Myat Shopping Center တို့တွင် တည်ခင်း ရောင်းချသော ရှမ်းပြည်နယ် ဒေသထွက် စားသောက်ကုန် ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်း များကို ဝယ်ယူ အားပေး ကြကာ ညောင်ရွှေမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (အင်းလေး) အပန်းဖြေ စခန်းသို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

http://www.myawady.net.mmဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ထန်စန်းလိုဏ်ဂူ စူဠာမုနိ ဘုရား  နှင့် မွေတော်ကက္ကူ ဘုရားတို့သို့ သွားရောက် လေ့လာ

No comments:

Post a Comment