16 May 2014

လားရှိုး မြို့ရှိ ကမ္ဘာဇ ဘဏ်(၁)နှင့် C B ဘဏ် များ တွင် ပေါက်ကွဲမှု ဖြစ်ပွား

လားရှိုး မေ ၁၆

 လားရှိုးမြို့ တွင် မေ ၁၆ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်က မိနစ်အနည်ငယ်ကွာခြားလျက် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁) အောက်ဘက် ဝင်ပေါက်အနီးတွင် ပေါက်ကွဲမှုကြောင့် ပြူတင်းပေါက်မှ မှန်များအားလုံး ကွဲကြေခဲ့ပြီး ရပ်ကွက်(၂) စံကောင်းလမ်းနှင့် သိန်းနီ လမ်းထောင့်ရှိ သမဝါယမဘဏ် အဆောက်အဦး ဘေးကပ်လျက်ရှိသည့် (၁၁/၀.၄)ကေဗွီ (၁၆၀)ကေဗွီအေ ထရန်စဖော်မာ (၂) တိုင်စင်အောက် အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၄င်း ထရန်စဖော်မာတွင် တပ်ဆင်ထားသည့် 400 V Panel, Cap actior Bank နှင့် မီတာအမှတ် (XS -050483) (200/5) Aစီတီမီတာများ ကွဲကြေပျက်စီးသွားခဲ့ပြီး ဘဏ်နှင့်ကပ်လျှက် ဝင်းကားပစ္စည်းဆိုင် အလှကပ်မှန်များ ကွဲကြေခဲ့ကာ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar


 

ဟိုပုံးမြို့မဆည်တွင် မိန်းကလေးတဦး ရေနှစ်သေဆုံး

နန်းခမ်းဟွမ် (မဲုင်းကောင်) | မေလ ၁၂ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်
ဟိုပုံးမြို့မြို့မဆည်တွင် အသက် ၁၀ နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် မေလ ရက်နေ့တွင် ရေချိုးရာမှ ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ရေကန် ဆယ် အနက် ၈ ပေခန့်ရှိသောအပိုင်းတွင် ခင်ထွေးနှင့် ထွေးညိုတို့ သူငယ်ချင်းနှစ်ယောက် အတူရေချိုးရာမှာ မခင်ထွေးက ရေနှစ်သေဆုံးသွားပြီး ကျန်သူငယ်ချင်းတစ်ယောက်က သတိလစ်ရာ ဟိုပုံးဆေးရုံတွင် တင်ထားကြောင်း၊ မိန်းကလေးနှစ်ဦးသည် ဟိုပုံးမြို့နယ်၊ ပင်ကလားရွာတွင် နေထိုင်ကြကြောင်း သိရသည်။
ရေနစ်တဲ့မိန်းကလေးနှစ်ယောက်တွင် အချိန်မီ ကယ်ဆယ်နိုင်တဲ့ တစ်ယောက်ကတော့ အသက်ဆက်ရှင်နိုင်တယ်မျက်မြင်သက်သေ မွိုးသွော်က ပြောသည်။
သူတို့ကံဆိုးတာထင်တယ်အရင်ရက်ဆို လူကြီးတွေအများကြီးပဲ ရေလာချိုးကြတယ်ဒီနေ့သူတို့ရေလာချိုးတဲ့ အချိန်ကျမှ လူမရှိဘူးဆိုတော့ သူတို့အတွက် စိတ်မကောင်းစရာဘဲဟု မွိုးသွော်က ဆက်ပြောသည်
http://www.taunggyitime.com

တောင်ကြီးမြို့၌ ပရိဘောဂစေတီ ခေါ် မဟာဗောဓိညောင်ပင်အား ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်

 137
တောင်ကြီး     မေ       ၁၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်အနီးရှိ ပရိဘောဂစေတီ ခေါ် မဟာဗောဓိညောင်ပင်အား မေ(၁၃)ရက်၊ ညနေ(၄)နာရီက ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 အခမ်းအနားတွင် ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ဂုဏ်ပြုပူဇော် မင်္ဂလာကဗျာများကို ဝတ်ရွတ်အသင်းမှ သံပြိုင်ညီညာ ရွတ်ပွားပူဇော်ပြီး၊ နဂါး၊ ဂဠန်၊ နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူး ချီးကျူးကြွေးကြော်သံ ကဗျာများကို ဝတ်ရွတ်အသင်းမှ သံပြိုင်ညီညာ ပူဇော်ခြင်း၊ ပရိတ်သတ် ကိုယ်စား ဗောဓိရက္ခောဒကသိဉ္ဇန မင်္ဂလာဂါထာတော်ဖြင့် ဦးသိန်းစိုးမှ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ခြင်း၊ ဂါထာတော်အဆုံးတွင် ပရိသတ်အပေါင်းက ဗောဓိညောင်ပင်ခြေပလ္လင်ခွေ၌ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်ယာရစ်ပတ်ကာ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 ထို့နောက် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဝတ်အသင်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံ မိဘပြည်သူများက ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
 ၎င်းနောက် ဦးသိန်းစိုးက ပရိသတ်ကြီး ကိုယ်စား သတ္တာနုမောဒနာဂါထာတော်ဖြင့် ညောင်ရေသွန်းလောင်းမှု အကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို လူနတ်ဗြဟ္မာ သတ္တဝါတို့အား အမျှပေးဝေကြသည်။
 အဆိုပါ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများ တက်ရောက် ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ကြကြောင်း သတင်းရရှိသည်။

14 May 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အခမ်းအနားကျင်းပ

 135


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၁၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို မေ(၁၂)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၌ ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ အလှူရှင် ဖြူစင်ကုမ္ပဏီမှ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ကြသည်။
   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကြက်ခြေနီ လူမှုဂရုဏာလုပ်ငန်းများ စတင်သန္ဓေတည်စေခဲ့သူ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့် မေလ(၈)ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့ အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နှစ်စဉ် မေလ(၈)ရက်နေ့ (သို့မဟုတ်) မေလအတွင်း သင့်တော်သော နေ့တနေ့တွင် ကမ္ဘာ့ကြက်ခြေနီ အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျင်းပခဲ့ကြောင်း၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ မြင့်မားစွန့်စား ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သည့် စိတ်ဓာတ်နှင့် လုပ်အားများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်လျှက်ရှိရာ အမျိုးသားအင်အားစုများဖြစ်သည့် တိုင်းရင်းသားပြည်သူများကြားမှ ပေါက်ဖွားလာသော လူမှုရေးအသင်းအဖွဲ့များ စေတနာရှင် အဖွဲ့အစည်းများအားလုံး အမျိုးသားရေး လမ်းကြောင်းမှန်ပေါ်တွင် ရှင်သန်ဖွံ့ဖြိုးတိုးတက်နေစေရန် လိုအပ်သည့် အားပေးချီးမြှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းများတွင် တက္ကသိုလ် ကြက်ခြေနီတပ်ဖွဲ့များမှ ထူးချွန်သော ကြက်ခြေနီ မောင်မယ်များကို ရွေးချယ်၍ ထူးချွန်ကြက်ခြေနီ စခန်းများသို့ ပို့လွှတ်၍ ချီးမြှောက်ပေးလျှက်ရှိပါကြောင်း၊ ထူးချွန်ကြက်ခြေနီလူငယ်များသည် ကင်းထောက်လူငယ်၊ ဘက်စုံထူးချွန်လူငယ်တို့နှင့်အတူ ထူးချွန်လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်သမ္မကြီး၏ သြဝါဒကို ခံယူခွင့်ရခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်မှုကို အရင်းခံကာ ဖွဲ့စည်းခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင် မောင်မယ်များသည် ပြည်သူတို့၏ ဆင်းရဲဒုက္ခများ နည်းနိုင်သမျှနည်းအောင် ကူညီဆောင်ရွက်ပေးကြရန် နိုင်ငံတော်၏ အရံအင်အားအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းများတွင် တက်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အခြားသော လူမှုရေးအဖွဲ့အစည်းနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသွားသည်။
   ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေ ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးမှ ဖတ်ကြားပြီး၊ ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ဖြူစင်ကုမ္ပဏီမှ လှူဒါန်းသော အရေးပေါ် လူနာတင်ယာဉ်အား ပေးအပ်ရာ၊ ပေးအပ်လှူဒါန်းသော စာရွက်စာတန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
   ထိုနောက် အရေးပေါ် လူနာတင်ယာဉ်အား ပေးအပ်လှူဒါန်းပေးပါသော ဖြူစင်ကုမ္ပဏီမှ ဦးအောင်သန်းထွန်းက လှူဒါန်းရသောအကြောင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဖြူစင်ကုမ္ပဏီမှ လှူဒါန်းသော လူနာတင်ယာဉ်အား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

ပအိုဝ်းအမျိုးသမီးသမဂ္ဂရုံးတွင် ပအိုဝ်းမီးသားစုတွေဆုံဆွေးနွေးပွဲ ကျင်းပ

ခွန်မွိုင်ကြွိုင် | မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ပအိုဝ်းမီးသားစုတွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂရုံးတွင် မေလ ၉ ရက် ၂၀၁၄ ရက်နေ့တွင် ကျင်ပခဲ့သည်။ ထိုဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ပအိုဝ်းအရပ်ဖက်လူ့အဖွဲ့အစည်း အသီးသီးဖြစ်သော ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက်၊ ဒီမို၊ ပအိုဝ်းလူငယ်အစည်းအရုံး၊ ပအိုဝ်းဥပဒေပညာရှင်အသင်းနှင့် ပအိုဝ်းအမျိုးသမီးသမဂ္ဂ စသည့်အသင်းအဖွဲ့တို့ပါဝင်ပြီး စုစုပေါင်း ၃၆ ဦး တက်ရောက်ပြီး ပအိုဝ်မီးသားစုအရေးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

”ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ ကျင်းပနိုင်ရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ မူဝါဒ ရေးဆွဲချမှတ်ပြီးတော့ ရေရှည်ဆောင်ရွက်ဖို့၊ ဒါကြောင့်မလို့ ပအိုဝ်းမီးသားစု တွေ့ဆုံဆွေးနွေးပွဲကတော့ ပအိုဝ်းအမျိုးသားညီလာခံဖြစ်မြောက်ရေးအတွက် အခြေခံဆွေးနွေးပွဲကို ရည်စုးပြီးတော့ ကျင်းပရခြင်းဖြစ်တယ်။ မီးသားစုတွေဆုံ ဆွေးနွေးပွဲမှာ လူတစ်ယောက်မှာ ရွေးချယ်ခွင့်မရှိတဲ့ (၄) မျိုးရှိတယ်။ ၎င်းတို့မှာ ၁) မီးဘဆိုတာ ရွေးချယ်လို့ မရဘူး၊ ၂) သားသမီးဆိုတာ ရွေးချယ်လို့ မရဘူး၊ ၃) မောင်နှစ်မဆိုတာ ရွေးချယ်လို့ မရဘူး၊ ၄) အိမ်နီးချင်းဆိုတာ ရွေးချယ်လို့ မရဘူး။ မီးသားစုစိတ်ဓာတ်နဲ့ ပြောရလို့ရှိရင် မီးသားစုးအတွင်းမှာ ဘယ်သူ့ဘယ်သူကိုမှ ဖယ်ထုပ်စရာလည်းမရှိဘူး အားလုံးကိုလည်ခံရမယ်။ မိဘမောင်နှစ်မ သားသမီးဆိုတာ ရွေးချယ်လို့မရတော့ ဆုံကြတဲ့ လူတွေမှာ ကိုယ့်ရဲ့အတွေးအသား အချင်းချင်းကြားထဲမှာ တစ်ယောက်ကိုတစ်ယောက် ဖယ်ထုပ်စရာမရှိဘူး၊ ညှိုနိုင်းပြီးတော့ ဘယ်လိုပေါင်းစပ်အလုပ်လုပ် ကြမယ်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်ခြင်းဖြစ်တယ်” ပာု PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းမှ တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

ပအိုဝ်းမီးသားစုတွေ့ဆုံဆွေးနွေးပွဲမှာ ပအိုဝ်းသွီး သီချင်းဖြင့် ဆွေးနွေးပွဲကို ဖွင့်လှစ်ခြင်းနှင့် တက်ရောက်သူများမှ အပြန်အလှန်မိတ်ဆက်ပြီးတဲ့နောက်မှာ 

(၁) ပအိုဝ်းအမျိုးသမီးသမဂ္ဂ အစီအစဉ်ညှိုနိုင်းရေးမှုး နန်းမေဇင်နွယ်မှ ပအိုဝ်းမီးသားစုအရေး အမြင်သဘောထား ဆွေးနွေးခြင်း။

(၂) ပအိုဝ်းလူငယ်အစည်းအရုံး အတွင်းရေးမှုး ခွန်ထွန်းတင်မှ ပအိုဝ်းနှင့် မူးယစ်ဆေးဝါး သမိုင်းအကျဉ်း အမြင်သဘောထားများ ၀င်ရောက်ဆွေးနွေးခြင်း။

(၃) ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက် လူငယ်စွမ်းဆောင်ရည်မြင်တင်ရေးတာဝန်ခံ ခွန်ခေတ်စံမှ မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုကြားက ပအိုဝ်းတွေရဲ့သွားနေတဲ့လမ်းကြောင်းအပေါ် အမြင်သဘောထား ဆွေးနွေးခြင်း။

(၄) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းမှ ပအိုဝ်းမီးသားစုတွေဆုံဆွေးနွေးပွဲ လုပ်ရသော ရည်ရွယ်ချက်များကို စုံစုံလင်လင်ဝင်ရောက်ဆွေးနွေးခြင်း။

၅) ပအိုဝ်းဥပဒေပညာရှင်အဖွဲ့များလည်း ပအိုဝ်းနှင့် ဥပဒေအကြောင်းကို အလေးထားပြီး ၀င်ရောက်ဆွေးနွေးခြင်း အပြီးမှာ တက်ရောက်သူများအားလုံးနှင့် အတူတကွ တက်ကျွစွာ ကိုယ်အမြင်သဘောထားများကို တင်ပြဆွေးနွေးခြင်း၊ မရှင်းလင်းသောကိစ္စများကို အပြန်အလှန်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲ၏ အချိန်အကန့်အသတ်ကြောင့် ဆွေးနွေးမှုများ အနည်းအကျင်းသား ဆွေးနွေးနိုင်ခဲ့ပြီး၊ နောင်တွင် ဆက်လက်အချိန်ယူပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးပွဲတရပ် ထပ်မံတွေ့ဆုံပြီး ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

2 May 2014

၂ဝ၁၄ ခုနှစ် အလုပ်သမားနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး   မေ   ၁
၂ဝ၁၄ ခုနှစ် အလုပ်သမားနေ့ အခမ်းအနားကို
ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ၂ဝ၁၄ခုနှစ် အလုပ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားရာ မေ ၁ ရက်တွင် ကျရောက်သော ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီး များကို အလေးအနက် ဂုဏ်ပြု သတ်မှတ်ထားရှိသည့် အလုပ်သမားနေ့တွင် မိမိတို့ နိုင်ငံအတွက် မရှိမဖြစ် အရေးပါသော အင်အားစု တစ်ရပ်ဖြစ်သည့် အလုပ်သမားကြီးများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အလုပ်သမား အဖွဲ့အစည်း ဥပဒေ အရ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုထားရာ ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အထိ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်း စုစုပေါင်း ၁ဝ၉၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အချို့ လုပ်ငန်းများတွင် မြို့နယ် အဆင့်ထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး အချို့ အဖွဲ့အစည်းများကို အဖွဲ့ချုပ် အထိ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယ
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလုပ်သမားနှင့် အလုပ်ရှင်များ၊ ဒေသခံ ပြည်သူများ စုစုပေါင်း အင်အား ၂ဝဝ ကျော် တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
 http://www.myawady.net.mm

ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ထန်စန်းလိုဏ်ဂူ စူဠာမုနိ ဘုရား နှင့် မွေတော်ကက္ကူ ဘုရားတို့သို့ သွားရောက် လေ့လာ

တောင်ကြီး  မေ  ၁
၂ဝ၁၄ ခုနှစ်    ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ် ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမ ၂ဝ တို့ ဦးဆောင်၍ ယမန်နေ့နံနက် ၇ နာရီက  ဟိုပုံးမြို့နယ်သို့ ရောက်ရှိလာရာ  ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပအိုဝ်း တိုင်းရင်းသား၊  တိုင်းရင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများက ကြိုဆိုကြသည်။
ထို့နောက်  ဘက်စုံထူးချွန် လူငယ်မောင်မယ်များနှင့် တာဝန်ရှိသူတို့သည် နံနက် ၈ နာရီခွဲတွင် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ထန်စန်း လိုဏ်ဂူတော်သို့  သွားရောက် လေ့လာကြသည်။
ဆက်လက်၍ နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးမြို့  စူဠာမုနိလောက ချမ်းသာ ဘုရား စေတီတော်နှင့် ပုဂံအာနန္ဒာ ဘုရားအား  ဖူးမြော်ကြပြီး အလှူငွေများ ထည့်ဝင် လှူဒါန်းကြသည်။
ထို့နောက် ဘက်စုံထူးချွန် လူငယ် မောင်မယ်များသည် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီး မြို့နယ်ခွဲရှိ မွေတော်ကက္ကူ ဘုရားအား လေ့လာ ဖူးမြော်ကြပြီး  အမှတ်တရ ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။
ဆက်လက်၍ ညနေ ၃ နာရီတွင် ဘက်စုံ ထူးချွန် လူငယ်မောင်မယ်များနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများသည် တောင်ကြီးမြို့ သို့ ပြန်လည် ရောက်ရှိ လာပြီး မြို့မဈေးကြီးနှင့် Myat Shopping Center တို့တွင် တည်ခင်း ရောင်းချသော ရှမ်းပြည်နယ် ဒေသထွက် စားသောက်ကုန် ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်း များကို ဝယ်ယူ အားပေး ကြကာ ညောင်ရွှေမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (အင်းလေး) အပန်းဖြေ စခန်းသို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

http://www.myawady.net.mmဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ထန်စန်းလိုဏ်ဂူ စူဠာမုနိ ဘုရား  နှင့် မွေတော်ကက္ကူ ဘုရားတို့သို့ သွားရောက် လေ့လာ

နေရောင်ခြည် စွမ်းအင်သုံး LED မီးလုံးများနှင့် ဆက်စပ် ပစ္စည်းများ ပေးအပ် လှူဒါန်း

နေပြည်တော်   ဧပြီ   ၃ဝ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ဖက်ကွန် ကျေးရွာအုပ်စု လင်းလေကျေးရွာ မီးလင်းရေး အတွက် နေရောင်ခြည် စွမ်းအင်သုံး LED မီးလုံးနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲကို
ဧပြီ ၂၉ ရက် နေ့လယ် ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်းနှင့် တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိ သူများက နေရောင်ခြည် စွမ်းအင်သုံး LED မီးလုံးနှင့် ဆက်စပ်ပစ္စည်းများအား ပေးအပ်ရာ ဒေသခံပြည်သူ များက အသီးသီးလက်ခံ ရယူကြသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ် ရွာသစ်ကျေးရွာသို့ သွား ရောက်ပြီး နေရောင်ခြည် စွမ်းအင်သုံး LED  မီးလုံးနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
refind; http://www.myawady.net.mm

တောင်ကြီးမြို့တွင် ပျက်ဆီးနေသော လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ စိုးရိမ်စရာ မရှိဟု မိုင်းကျွမ်းကျင်သူများ ပြောဆို



.တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ပန်းကန့်ကော်စားသောက်ဆိုင်အနီးတွင် စည်ပင်သန့်ရှင်းရေးဝန်ထမ်းများမှ အမှိုက်များ ရှင်းလင်းနေစဉ် ၂-၅-၂၀၁၄ ရက်နေ့ မနက်ပိုင်းတွင် ရေနုတ်မြောင်း အတွင်းမှ သံချေးတက်နေသော အန္တရာယ်မရှိသည့် လက်ပစ်တစ်လုံးအား တွေ့ရှိကာ သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သောကြောင့် စစ်ဘက်မိုင်းကျွမ်းကျင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရှင်းလင်းပြီး တောင်ကြီး-ဟိုပုံး အထွက် ၂ မိုင်အမှိုက်ချကွင်းအနီးတွင် ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ သိရပါတယ် ။
ပြည်သူများအနေဖြင့် အခုတွေ့တဲ့ ဒီလက်ပစ်ဗုံးအဟောင်းနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမရှိသလို ထိတ်လန့်စရာလည်း မလိုပါဘူး လို့ တပ်မတော် မိုင်းကျွမ်းကျင်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
(တောင်ကြီးမီဒီယာ)
refind; https://www.facebook.com/taunggyimedia?fref=nf