တောင်ကြီး စက်တင်ဘာ ၂
၂ဝ၁၃-၂ဝ၁၄ပညာသင်နှစ်တွင် နေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ရန်
သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူ၊ မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်း တက်ရောက်အောင်မြင်ပြီး သူများကို ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့နယ်၊ လားရှိုးမြို့နယ်နှင့် ကျိုင်းတုံမြို့နယ်တို့၌ မူလ တန်းပြ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားရှိခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် နေ့စားလပေး ဆရာ၊ ဆရာမများကို ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်အတွက် ဆရာ၊ ဆရာမ ၂၃၁၄ ဦး၊ လားရှိုးမြို့နယ်အတွက် ၂၅၃ဝ ဦး၊ ကျိုင်းတုံမြို့နယ်အတွက် ၄၅၃ ဦးစုစုပေါင်း ၅၂၉၇ ဦးတို့ကို ဩဂုတ် ၁ ရက်မှစတင်၍ အစမ်းခန့် ဝန်ထမ်းများအဖြစ် ခန့်အပ်ထားရှိခဲ့ပြီး မြို့နယ်အခြေပြု မူလတန်းပြ ဆရာအတတ်ပညာ အထူးသင်တန်းသို့ တက်ရောက်အောင်မြင်ပြီး သတ်မှတ်ချက်များ နှင့် ကိုက်ညီပါက အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်အပ်ပေးသွား မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
refind; http://www.myawady.net.mm
No comments:
Post a Comment